Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

MyRo  တွင် မှတ်ပုံတင်ထားရှိသည့် လုပ်ငန်းရှင်များအား ဆန်စပါးသိုရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေး ခရိုင်များသို့ အသိပေးဆောင်ရွက်

       စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း( Myanmar Rice Online - MyRo )တွင်  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှ့ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ (သို့) စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်းလုပ်ငန်းဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်း/ ခရိုင်များမှ မှတ်ပုံတင်ထားရှိသည့် အလုံးရေ (၁၂၉) လုံးမှတ်ပုံတင်ထားရှိကြောင်း သိရသည်။

     မှတ်ပုံတင်ထားရှိသည့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအား   လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် (၁/ ၂၀၂၅)ထုတ်ပြန်ခြင်းကိစ္စအား သိရှိလိုက်နာဆောင်ရွက်ရန်နှင့် (၁၂၉) ဦး အနက် MyRo တွင် မှတ်ပုံတင်ထားရှိသည့် ဆန် စပါးသိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် ၁ ရက်နေ့မှ ၇ ရက်နေ့အတွင်း ဖြည့်သွင်းပေးနိုင်ရေးနှင့် သိုလှောင်ရုံပိုင်ရှင်များထဲမှ   MyRo တွင် ကုန်ရ ၊ ကုန်ထုတ် ၊ ကုန်လက်ကျန်စာရင်း မဖြည့်သွင်း ရသေးသည့်သူများအား စာရင်းများ ဖြည့်သွင်းပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ကျောက်ပန်းတောင်းမြို့နယ်ရှိ ဒေါ်ခင်ခင်သီဆန်လက်လီလက်ကားအရောင်းဆိုင်သို့ ကွင်းဆင်းခြင်းး

   စားသုံးသူရေးရာဦးစီးဌာန၊ ‌ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း ဦး ဆောင်၍  ကျောက်ပန်းတောင်းမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော ‌ဒေါ်ခင်ခင်သီ ဆန်ဆိုင်သို့ ၁၂-၉-၂၀၂၅ ရက်နေ့ နံနက်(၀၉:၀၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။ 

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေါ်ခင်ခင်သီဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၅၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ဖန်သီးသုခဆန် (၂၄)ပြည်တစ်အိတ် လျှင်(၇၀၀၀၀)ကျပ်၊ ဧည့်မထဆန်(၂၄)ပြည် တစ်အိတ်လျှင်(၆၅၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတ သောဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက် အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်းတိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြား ခဲ့ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့ အရှေ့ဖွားစော ကျေးရွာရှိ ကိတ်မုန့်လုပ်ငန်းအား ကွင်းဆင်း

   စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေရေးအတွက်  ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရှိရာ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် စက်မှုကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၅.၉.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၅:၃၀) နာရီ အချိန်တွင် ညောင်ဦးမြို့  အရှေ့ဖွားစောကျေးရွာရှိ “လပြည့်’’ အမှတ်တံဆိပ် ကိတ်မုန့်လုပ်ငန်းခွင်သို့ကွင်းဆင်း၍ ဈေးကွက်မရောက်မီ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ခရိုင်တာဝန်ခံမှ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းခွင်တွင်အဓိကထုတ်လုပ်သော ကုန်ကြမ်း ပစ္စည်းများမှာ အရည်အသွေးကောင်းမွန်မှုရှိရန်နှင့် မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်း သပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရန်လိုအပ်ပါ ကြောင်း၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဥပဒေပါ ပြဌာန်းချက် များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့်မားသော ထုတ်ကုန်ပစ္စည်းများထုတ်လုပ် လာနိုင်ပြီး မိမိ၏အမှတ်တံဆိပ်ကုန်ပစ္စည်းမှာလည်း ဈေးကွက်ခိုင်မာမှုရှိလာမှာဖြစ်ပါကြောင်း၊ မိမိတို့ ဌာနအနေဖြင့် ကုန်စည်များထုတ်လုပ်ရောင်းချရာတွင် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး အခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိပြီး စားသုံးသူများ ဘေးအန္တရာယ်ကင်း ရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်း ပေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်အတွင်း ရေရှည်တည်တံ့နိုင်စေရေးအတွက် စားသုံးသူများ၏ လိုအပ်ချက်ကို စိတ်စေတနာထား၍ မှန်ကန်သောဖြည့်ဆည်းမှုများဆောင်ရွက်ပေးကြရန် လိုအပ်ပါ ကြောင်းနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ဒေသအတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ်ကွင်းဆင်းစိစစ်မှုများဆောင် ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။   

DOCA(မန္တလေး)

စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး (I)အမှတ်တံဆိပ် ပဲပြားထုတ်သောလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်သူဇာ(ဒု-ဦးစီးမှူး)သည် (၁၈-၉-၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ၂၂လမ်း၊ ၉၁(B) လမ်း၊အောင်မြေသာစံမြို့နယ်ရှိ(I)အမှတ်တံဆိပ်ပဲပြားထုတ်လုပ်သောလုပ်ငန်းသို့ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းအားလိုက်ပါဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်(I)အမှတ်တံဆိပ်ပဲပြားအားစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ နမူနာကောက်ယူပြီး တာရှည်ခံဆေး (ဖော်မလင်များ) သုံးစွဲထားခြင်း ရှိ/မရှိကို Mobile Labဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ တာရှည်ခံဆေး (ဖော်မလင်များ) သုံးစွဲထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စားသုံးသူရေးရာဦးစီးဌာနမှလည်း(I)အမှတ်တံဆိပ်ပဲပြားထုတ်လုပ်သောလုပ်ငန်း အားစားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေး၍လိုက်နာမှုမရှိပါက အရေးယူဆောင်ရွက်သွားမည့်အခြေအနေ များအား အသိပေးခဲ့ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ရွှေ ဆီစက်သို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး)နှင့်ဒေါ်မြတ်မြတ်ထွေး(ဦးစီးမှူး) တို့သည် မန္တလေးတိုင်း ဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၊ ကံသာယာရပ်ကွက်ရှိ ရွှေဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေအနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေ အနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

အောင်ငြိမ်းချမ်း ဆီစက်သို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး) နှင့်ဒေါ်မြတ်မြတ်ထွေး (ဦးစီးမှူး) တို့သည် မန္တလေးတိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှု့-၂ (ည) ရပ်ကွက်ရှိ အောင်ငြိမ်းချမ်း ဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးခြင်း အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေအနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

NNT (ရွှေင်္ဟာသာ)ဆီစက်သို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဒေါ်ဝင်းမာ(ဦးစီးမှူး)နှင့်ဒေါ်မြတ်မြတ်ထွေး(ဦးစီးမှူး) တို့သည် မန္တလေးတိုင်း ဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များနှင့်အတူ ၁၉-၉-၂၀၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံမြို့နယ် ၊ ပြည်ကြီးကျက်သရေရပ်ကွက်ရှိ NNT (ရွှေင်္ဟာသာ)ဆီစက်သို့ ကွင်းဆင်းစစ်ဆးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ထိုသို့ ကွင်းဆင်း စစ်ဆေးရာတွင် တိုင်းဒေသကြီး ဆီစက်ချေးငွေ အဆိုပြုလွှာ ကွင်းဆင်းစစ်ဆေးခြင်း အဖွဲ့ခေါင်းဆောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ သမဝါယမ ဦးစီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦး ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးဝင်းဗိုလ်နှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဆီစက်လုပ်ငန်းများ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ ၊ ဖြန့်ဖြူးမှုအခြေ အနေ ၊ ဆီစက်လုပ်ငန်းများ လည်ပတ်နိုင်မှုအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်များ မေးမြန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်နိုင် ရေး အတွက် ကျပန်းစကားပြောပြိုင်ပွဲကို ၁၉.၉.၂၀၂၅ ရက်နေ့၊ နေ့လည် ၁၃:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါ ပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲကို ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁)ဦး၊ မိတ္ထီလာခရိုင်ဦးစီးမှူး ရုံးမှ ဝန်ထမ်း(၁)ဦး ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၂)ဦး စုစုပေါင်း ဝန်ထမ်း(၄)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးနှင့် မြင်းခြံခရိုင် ဦးစီးမှူးရုံးတို့မှ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများမှ video conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။  အဆိုပါကျပန်းစကားပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မည့် ခေါင်းစဉ်အား တိုင်းဒေသကြီးဦးစီးမှူးမှ မဲနှိုက်ပေးခဲ့ရာ ပထမဦးစွာ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ချောစုထွေး၊ ဦးစိးမှူးက ‘ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ‘နိုင်ငံ့စီးပွားမြှင့်တင်ရေး စားသုံးသူအခွင့်အရေး ဦးစားပေး’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင်(ဒုဦးစီးမှူး)က ‘ကုန်အညွှန်း အမှတ်အသားပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’ ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ‘ကုန်အညွှန်း အမှတ် အသား ပြည့်စုံမှ လုံခြုံစိတ်ချစားသုံးသူဘဝ’  ခေါင်းစဉ်များဖြင့်  တစ်ဦးလျှင်  ဖြေဆိုချိန်မိနစ်(၁၅)အတွင်း အသီးသီးယှဉ်ပြိုင်ခဲ့ကြပါသည်။  ကျပန်းစကားပြောပြိုင်ပွဲကို တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ နှင့် အကဲဖြတ်ဒိုင်များက စနစ်တကျအနီးကပ်ကြီးကြပ် ၍ အမှတ်ပေး ဆုံးဖြတ် ခဲ့ကြ ပါသည်။ကျပန်းစကားပြောပြိုင်ပွဲ တွင် မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)မှ ပထမဆု၊ မြင်းခြံခရိုင်ဦးစိးမှူးရုံးမှ ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ဒုတိယဆုနှင့် ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မော်မော်အောင်(ဒုဦးစီးမှူး)မှ တတိယဆု အသီးသီးရရှိခဲ့ကြပြီး ဆုရရှိသူ များကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ရွှေဘိုခရိုင်၏ (၉/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့်(၉/၂၀၂၅)လအတွင်း ခရိုင်ဦးစီးမှူး။ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီး ကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေလယ်ယာ (ကုန်စုံဆိုင်)အားလည်းကောင်း၊ အမှတ်(၁၀)ရပ်ကွက် စက်မှုဇုန်ရှိ  Golden Future(သောက်ရေသန့်စက်ရုံ) အားလည်ကောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာ (ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့ အမှတ်(၅)ရပ်ကွက်ရှိ ရွှေသဖန်းအမှတ်တံဆိပ် စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူရောင်းချသည့် လုပ်ငန်းအားလည်းကောင်း ဆောင်ရွက်ခဲ့ကြသည့်အပြင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ MPT ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ အငြိမ်းစားဝန်ထမ်းများအား အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

     တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်း များအား လစဉ် ကားများဖြင့် အကြို/အပို့ပြုလုပ်ပေး၍ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ( ၂၂) ရက်နေ့မှ ( ၂၃ ) ရက်နေ့ထိ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌ ( ၂ )ရက်တာ ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ ရောင်းချမှုတွင် ပေါ်ဆန်း (သစ်) ဆန် ( ၁ )ပြည်လျှင် ( ၆၉၀၀)ကျပ်၊ ပေါ်ဆန်း ဆန် ( ဟောင်း) ( ၁ )ပြည်လျှင် ( ၅၈၀၀)ကျပ်၊ ဧရာမင်းဆန် ( ၁ )ပြည်လျှင် ( ၆၀၀၀)ကျပ်၊ ရက် (၉၀)ဆန်( ၁ )ပြည်လျှင် (၃၅၀၀) ကျပ်ဖြင့် လည်းကောင်း၊ အခြေခံစားကုန်များဖြစ်သည့် ဆီ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးနှင့် အခြား အသုံးအဆောင်ပစ္စည်းများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် အငြိမ်းစားဝန်ထမ်း အဖိုး၊ အဖွားများအား ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ