Main menu

မြင်းခြံကုန်စည်ဒိုင်သို့လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေနေများအားကွင်းဆင်းခြင်း

Powered by Drupal

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြင်းခြံခရိုင် ဦးစီးမှူး ဦးသန်းစိုး ဦးဆောင်မှုဖြင့် ဝန်ထမ်းများက (၆.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်၌ အမှတ်(၁၃)ရက်ကွက်ရှိ မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MDCCI) အသင်းသို့ သွားရောက်ကွင်းဆင်းခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးကျော်ရှိန် ဒု-ဥက္ကဌ က အသင်းသားများအနေဖြင့် ကုန်စည်ဒိုင်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း  သီးနှံများအရောင်းအဝယ်ပြုလုပ်ကြကြောင်း၊ ယခုအချိန်တွင် မိုးမြေပဲ၊ မိုးနှမ်းညိုနှင့် နွေကြက်သွန်နီအဟောင်းများကိုသာ နေ့စဉ်အရောင်းအဝယ် ပြုလုပ်ကြကြောင်း၊ ယခင်နှစ်ထွက်ရှိသော ပဲ‌ဟောင်း (ပဲစဉ်းငုံ၊ ပဲပုပ်၊ ကုလားပဲ V2၊ V7နှင့်929) များမှာ ဈေးကွက်တွင် အိတ်လက်ကျန်များ လျော့နည်းလာပြီဖြစ်၍ အရောင်းအဝယ်နည်းလာပြီ ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ မတ်လတွင် ပဲအသစ်များထွက်ပေါ်မည်ဖြစ်ကြောင်း စသည့်အခြေအနေများနှင့် ကုန်စည်ဒိုင်အတွင်းရှိ ငွေခြင်္သေ့ပွဲရုံနှင့်နဝရတ်ပွဲရုံများသို့ ကွင်းဆင်းခဲ့ပြီး လယ်ယာထွက်ကုန် သီးနှံများ၏ဈေးနှုန်း၊ ဈေးကွက်နှင့်တင်ပို့မှုအခြေအနေများ၊ နေ့စဉ်အိတ်အရောင်းအဝယ် ဖြစ်မှုအခြေအနေနှင့် အိတ်လက်ကျန်အခြေအနေများအား မေးမြန်းတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)