Main menu

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “မင်းကျော်သူ”အမှတ်တံဆိပ် မုန့်တိုက်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  ၁၂.၁၁.၂၀၂၅ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံဒေါ်ထက်ထက်နွေဦးသည်  ချောင်းဆုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်စည်ပင်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ “မင်းကျော်သူ” အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပါသည်။

  ထိုသို့စစ်ဆေးရာတွင် ထုတ်ကုန်ပစ္စည်းပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပြဋ္ဌာန်းချက်နှင့်အညီ ဖော် ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုမရှိသဖြင့် လိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ပေးရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)