Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု    ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးနှင့်ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင်  ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချနေသော ဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချနေသော (အောင်ပြည့်)ဆန်ဆိုင်နှင့် (ကံထူးစံ)ဆန်ဆိုင်များတွင် ဆန်များအားဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပို၍ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးပြီး ဆန်ဆိုင်များမှဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Doca (ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြင့်တင်ရောင်းချမှု    ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၅.၈.၂၀၂၅) ရက်နေ့ နံနက်(၉:၃၀) အချိန်တွင်  ငပုတောမြို့နယ် မြို့မဈေး အတွင်းရှိ ဆန်ရောင်းချနေသောဆိုင်များအား ဆန်ဈေးနှုန်းမြှင့်တက်မှု ရှိ/မရှိ နှင့် ဈေးနှုန်းအခြေအနေ များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်ရောင်းချ နေသာ (ကံထူးစံ)ဆန်ဆိုင်နှင့် (စိန်နှင့်မြ)ဆန်ဆိုင်များတွင် ဆန်များအားဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက်ပို၍ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးပြီး ဆန်ဆိုင်များမှ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များ သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆန်ရောင်းချနေသော ဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

Doca  (ဧရာဝတီ)

မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၂၀..၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ကွင်ဆင်းစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်၊ ရွှေဟင်္သာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချ နေသော စားသုံးဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (မွန်)

ရေကြည်မြို့နယ်၊ မြို့မစည်ပင်သာယာဈေးရှေ့တွင် စားအုန်းဆီနှင့် ကြက်ဥများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း

      ၁၅.၈.၂၀၂၅ ရက်နေ့၊ နံနက် (၇:၃၀) အချိန်တွင် ရေကြည်မြို့မစည်ပင်သာယာဈေးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ စားအုန်းဆီနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ရောင်းချရာတွင် ကြက်ဥ (၁) လုံးလျှင် (၃၅၀) ကျပ်ဖြင့် ကြက်ဥအလုံး(၅၀၀) ၊ စားအုန်းဆီ (၅၀) ကျပ်သား တစ်ဗူးလျှင် (၃၅၀၀) ကျပ်ဖြင့် ဆီပိဿာ (၁၁၀) အား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်းဖြင့် ကျေးရွာအရောက် ရောင်းချပေးခြင်း

           ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍  စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန် ကျေးရွာများဖြစ်သော အုန်းပင်စု၊ ဖျန်ရေကျော်၊ သက္ကယ်ချောင်း၊ လိပ်ချောင်း၊ ဝက်ဆူ၊ ကံကွင်းကျေးရွာများနှင့် ရေကြောင်းလမ်းမှ သွားရောက်ရသော ကျေးရွာများအရောက် အပတ်စဉ် အလှည့်ကျသွားရောက်ကာ အိမ်ထောင်စု တစ်စုလျှင် ဆီ (၁) ပိဿာနှုန်းဖြင့် လစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

Doca (ဧရာဝတီ)

 

“ ကော့မှူးမြို့နယ်အတွင်းရှိဆန်စက်များဆန်စပါး ကြိတ်ခွဲထုတ်လုပ်နေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဆန်စက်များ စပါးကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေအား ဩဂုတ်လ(၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးစာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့မှူးမြို့နယ်ရပ်ကွက်/ကျေးရွာအုပ်စုများမှ ဆန်စပါးကြိတ်ခွဲထုတ် လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်စက်ပိုင်ရှင်လုပ်ငန်းရှင်များ၊ နဝလီကြိတ်ခွဲ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော ဆန်၊ စပါးကုန်သည်များနှင့် တွေ့ဆုံကာ ဆန်စက်၏ထုတ်လုပ်မှုစွမ်း အား(တန်)၊ ဆန်စက်အနေဖြင့် တစ်နှစ်ထုတ်လုပ်နိုင်မှု(တန်)၊ တစ်နှစ်ကြိတ်ခွဲနိုင်မှုစပါး(တင်း)၊ ဆန်စက်လုပ်ငန်းအရွယ်အစားတို့အား စာရင်းကောက်ယူခဲ့ပြီး ဆန်စက်များတွင် စပါးရရှိမှုအခြေအနေနှင့် ဆန်စပါးလက်ကျန်အခြေအနေများ၊ ဆန်သိုလှောင်ထားရှိမှုနှင့် ဆန်နှင့် ဆန်ထွက် ပစ္စည်းဖြန့်ဖြူးရောင်းချနေမှု စီးဝင်/ စီးထွက်အခြေအနေတို့အား စာရင်းကောက်ယူကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

      ၂၀.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ‌မော်လမြိုင် ခရိုင်၊ ခရိုင်ဦးစီးမှူး ‌ဒေါ်ဝါဝါမြိုင်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲတာဝန်ခံ ‌ဒေါ်မိုးမိုးနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာရှိ ဦးတင်လှိုင် ဆန်စက်အားကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန်၊ ဆန်၊ စပါး ဝင်/ထွက် လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်ကြိတ်ခွဲနိုင်စွမ်းအား၊ စျေးကွက်/စျေးနှုန်း အခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     ၂၀.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူး ဦးထွန်းအောင်ဖြူနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါ်နီလာသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးမှ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်အကြောင်းရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အကျယ်တဝင့်ဆွေးနွေးပြောကြားကာ Consumer Call Center (1535) သို့ဖုန်းခေါ်ဆိုမှုအား သရုပ်ပြဆောင်ရွက်ခဲ့သည်။

     အဆိုပါဟောပြောပွဲသို့ ပါမောက္ခချုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမ (၃၀) ဦး၊ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦး စုစုပေါင်း (၃၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ၂၁.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် အဝတ်အထည် ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာ နှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထား ရာတွင် တင်ပြရမည့်အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန် ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံ ရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် ‌ကော့လှာကျေးရွာတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၀.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ ကော့လှာ ကျေးရွာတွင် စားအုန်းဆီ လက်လီကိုယ်စားလှယ် ဦးသန်းစိုးနိုင် စားအုန်းဆီရောင်းချမှုအား မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအား စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အချင်အတွယ်ပြည့်မီစေရေး၊ အရည်အသွေးပြည့်ဝမှန် ကန်စေရေးနှင့် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် (၄၄၀) ပိဿာရောင်းချခဲ့ကြောင်း သိရသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ