Main menu

မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

   ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် မြိတ်ခရိုင်စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများဖြင့် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ တို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မိမိဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များပြောကြားပြီး  စားသုံးသူများအတွက် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များရှိ ကြောင်းထုတ်ပိုးထားသောအစားအစာဝယ်ယူပါက ကုန်အညွှန်းအမှတ်အသားများကြည့်ရှု့စစ်ဆေး ရန်နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သော နည်းလမ်းများနှင့် အချက်အလက် များအားရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ၊ ကျောင်းသားများအား ကျန်း မာရေးစစ်ဆေးပေးခြင်းနှင့် ရာသီပေါ်ရောဂါများ အကြောင်းအသိပညာပေးပြောကြားခဲ့ပြီး အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)