Main menu

မြင်းခြံမြို့ သီရိမင်္ဂလာ ဘုန်းတော်ကြီးသင်ကျောင်းတွင် ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီး သင်ကျောင်းတွင် (၁၃.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မြင်းခြံခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအားအသိပညာပေး ဟောပြောပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

      အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ဥပဒေ၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကမ္ဘာစားသုံးသူအခွင့်အရေးဖြစ် ပေါ်လာပုံစသည့်ဖြင့် အဖွင့်မှာစကားပြောကြားပေးခဲ့ကြောင်း၊ ဒေါ်သင်းသင်းဆွေ(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့် ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်းလင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆို တိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန ၏ Website တွင်လည်းစားသုံးသူကာကွယ်ရေးဥပဒေနှင့် ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက် ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဒု-ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် စားသုံးသူရေးရာဦးစီးဌာန Call Center နံပါတ် 1535 သို့ လက်တွေ့ဖုန်းခေါ်ဆို၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့်   အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၁) ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၅၀)ဦး၊ စုစုပေါင်း (၁၆၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)