Main menu

တောင်ဒဂုံမြို့နယ်၊ ရွှေလ ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့   ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        (၂၅.၁၁.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဒဂုံမြို့သစ်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တောင်ဒဂုံမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆန်ဈေးနှုန်းကြီးမြှင့်မှုမရှိစေရေး ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆန်လက်လီရောင်းချနေသောအမှတ်(၁၅၃၇)၊ အောင်ဇဗ္ဗူလမ်း၊ (၅၇)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ “ရွှေလ” ဆန်ရောင်းဝယ်ရေးအရောင်းဆိုင်သို့သွားရောက်၍  ကွင်းဆင်းစစ် ဆေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် ရက် (၉၀)၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)၊ ပေါ်ဆန်းမွှေးထူး(ရှယ်)၊ ဇီယာ၊ ဆန်များကိုဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်းပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူခံရမှာဖြစ် ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)