“ သန်လျင်မြို့နယ်အတွင်းရှိ Online Sale ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး”

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အတွင်းရှိ Online Sale လုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းများမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် Neospark Digital Market နှင့် Shwe House Electronic (Online Sale) လုပ်ငန်း(၂)ခုအား မှတ်ပုံတင် ထုတ်ပေးနိုင်ရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်မှူး ဦးဦးသိန်းမောင် နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၂၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် ၎င်းတည်ရှိရာ လိပ်စာအတိုင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သတ်၍ ကုန်သွယ်ရေးဦးစီးဌာနတွင် Online Sale မှတ်ပုံတင်လက်မှတ်ပြုလုပ်ရန် လျှောက်ထားလာခြင်းအပေါ် စားသုံးသူရေးရာဦးစီးဌာနမှ လျှောက်လွှာပါ အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်များမှာ ကိုက်ညီ မှုရှိ/မရှိ စစ်ဆေးပြီး ကိုက်ညီမှုမရှိပါက Online Sale မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်မဟုတ် ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြရ မည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး Online စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)









