
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဆီအရောင်းကိုယ်စားလှယ်သည် ရန်ကုန်မြို့ဆီကုမ္ပဏီ များမှခွဲတမ်းဖြင့်ဝယ်ယူလျက်ရှိရာ ရန်ကုန်မြို့၊ Yadanarbon Global Network Distribution ကုမ္ပဏီမှ (၂၆.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6L-5245 တွင် စားအုန်းဆီ ပေပါ (၄၈) နှင့် Global Good Pure Group ကုမ္ပဏီမှ (၂၇.၁၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော ယာဉ်အမှတ် 6S-6712 တွင် စားအုန်းဆီပေပါ (၈၄)ပေပါတို့သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂) ရက်နေ့၊ မွှန်းလွဲ (၁၂း၃၀) အချိန်တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ် ဆေးခဲ့ပြီး ၎င်းတို့ကို ရည်ညွှန်းစျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေ ရောင်းချပေးသွား မည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)
