
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေး ခန်းမ၌ (၂၅.၁၁.၂၀၂၅ ရက်နေ့မှ ၂၆.၁၁.၂၀၂၅ ရက်နေ့အထိ) စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း (၄/၂၀၂၅)အား သင်တန်းသားဦးရေ(၂၂)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သတင်းနည်း/ စားသုံး/ ထုတ်လုံ ကြီးကြပ်သူ အရာရှိ ဒေါ်စုစုထွန်းက ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်းသည့်အကြောင်းကိုလည်းကောင်း၊ သင်တန်းနည်းပြများ ဖြစ်ကြ သော စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်က စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁/ ၂/ ၃/ ၄/ ၅/ ၆/၇/ ၈/ ၉)နှင့် ပတ်သက်၍ လည်းကောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်အေးအေးခိုင်က Market surveillance နှင့် စပ်လျဉ်းသည့် အကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဆွေးနွေးခဲ့သည်များအပေါ် မေးခွန်း များ မေးမြန်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(မကွေး)
