Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ “လင်းမြတ်” ကုန်စုံဆိုင်တွင် စားအုန်းဆီ ရောင်းချမှုအား ကွင်းဆင်းစိစစ်

    ဘိုကလေးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဆီအသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၇.၁၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီ အချိန်တွင် ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ “လင်းမြတ်” ကုန်စုံဆိုင်တွင် စားအုန်းဆီ များကို သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိုကလေးမြို့၊ ကမ်းနားလမ်း (၅) ရပ်ကွက်ရှိ ဦးဇော်ဝင်းနိုင်ပိုင် “လင်းမြတ်” ကုန်စုံဆိုင်တွင် နေ့စွဲများပါရှိသော စားအုန်းဆီများကို ရည်ညွှန်းဈေးအတိုင်း ဗွီနိုင်း ကပ်၍ ရောင်းချနေမှု အခြေအနေ၊ အလေးချိန်နှင့် အရည်အသွေး ပြည့်ဝမှန်ကန်မှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ပြန်/ဆက်ရုံးတွင် Talk Show အစီအစဉ် ဆောင်ရွက်ခြင်း

 

          ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်၊ မွန်းလွဲ (၁၅:၀၀) နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်အား ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

          ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ စားသုံးသူကာကွယ် ရေး ဥပဒေ အကြောင်းကို ရှင်းပြပေးရန် ပြောကြားသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်းပေါင်း(၂၅) ခန်းရှိပြီး အခန်း(၁၈) ဖြစ်သော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းကို ပုဒ်မ(၄၁၊၄၂၊၄၃) မှာ ဖော်ပြထားရှိပြီး ကုန်အညွှန်းအမှတ်အသားနှင့် ပါဝင်ပက်သက်ကြောင်း၊ ဖော်ပြချက်(၈) ချက်ရှိကြောင်းရှင်းလင်းပြောကြားခဲ့သည်။ တံဆိပ်၊ အမှတ်အသား၊ အမျိုးအမည်၊အရွယ်အစား ၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်၊ထုတ်လုပ်/သက်တမ်း ကုန်ဆုံး ရက်စွဲ တို့ မှာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များဖြစ်ကြောင်း ၊ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ (၄၁) ၊ ပုဒ်မခွဲ (ခ) နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခုထက်ပို၍ တွဲလျက် ဖော်ပြရမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့မှုအပေါ် သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

မိတ္ထီလာမြို့ပေါ် ဆေးဆိုင်များရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများသုံစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိရာ တစ်ဖက်မှလည်း ဈေးကွက်များအတွင်း ရောင်းချမှုမရှိစေရေး ရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့်  ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသောဆိုင်များအား  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းများဖြစ်သော သွေးပေါင်ချိန်စက်၊ ဆီးချိုသွေချိုးတိုင်းစက်၊ ကွန်ဒုံး၊ ဆီးစစ်ကိရိယာစသည့် ပစ္စည်းအမျိုးမျိုးနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါဝင်သော ဆေးဝါးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ဆန်းသစ်မြန်မာ” ဆန်စက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၆.၁၁.၂၀၂၅) နေ့၊ နံနက် (၁၁:၃၀) အချိန်တွင် ကျိုက်လတ်မြို့၊ သမက်ပြေကျေးရွာရှိ ဦစန်းအောင် ပိုင်ဆိုင်သော “ဆန်းသစ်မြန်မာ” ဆန်စက်သို့ သွားရောက်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း စိစစ် ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါးအရည် အသွေး ပြည့်မီရေး၊အချိန်အတွယ်များ ပြည့်မီမှန်ကန်မှုရှိ/မရှိ၊ ဆန်စပါးဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ခေတ်မှီစက်ကိရိယာ နည်းစနစ်သစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ Myro တွင် မှတ်ပုံတင်ထားရှိမှု အခြေအနေ၊ ဆန်/စပါး လက်ကျန် အခြေအနေ ၊ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ ၊ သမက်ပြေကျေးရွာရှိ ဦးထွန်းထွန်းပိုင် သိုလှောင်ရုံအား ဆန်/စပါး လက်ကျန် အခြေအနေ ကွင်းဆင်းစိစစ်

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် သမက်ပြေကျေးရွာရှိ ဦးထွန်းထွန်းပိုင် သိုလှောင်ရုံအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ဆန်/စပါး လက်ကျန်အခြေအနေ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

      မြို့နယ်တာဝန်ခံက ဦးထွန်းထွန်းအား သိုလှောင်ရုံ၏ အရွယ်အစားနှင့် သိုလှောင်ထားရှိသော ဆန်/စပါးများအား မေးမြန်းခဲ့ရာ သိုလှောင်ရုံအရွယ်အစားမှာ အလျား(၇၀) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၀) ပေခန့်ရှိပြီး ဆံဝင်အင်အားအနေဖြင့် စပါး (၁၅၀၀၀) ဝင်ဆံ့ပြီး လက်ရှိစပါး လက်ကျန်အနေဖြင့် စပါးတင်း(၄၀၀၀) ခန့် သိုလှောင်ထားရှိပြီး Myro တွင် မှတ်ပုံတင်ထားရှိကြောင်း ကွင်းဆင်းစိစစ်မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ ၊မြို့မဈေးကြီးအတွင်းရှိ ကလေးတကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ ကွင်းဆင်းစိစစ်

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၁၁.၂၀၂၅) ရက်၊ နံနက် (၁၁:၀၀) နာရီ အချိန်တွင် မြို့မဈေးကြီးအတွင်းရှိ “ရူပါနွေး”၊ “မိုးကောင်းကင်”၊ “ထူးကြီး” စတိုးဆိုင်များတွင် ရောင်းချနေသော ကလေးတကိုယ်ရည်သုံးပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ရာ ပါဝင်မှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့မှ သက်သာသော ဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၇.၁၁.၂၀၂၅) နံနက် (၇:၀၀) နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီမှ အမှတ်(၃) ရပ်ကွက်၊ (၇) လမ်းရှိ ဒေသခံပြည်သူများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဧည့်မထရက်(၉၀) ဆန်တစ်ပြည် (၂၅၀၀) ကျပ်၊ ကြက်ဥ တစ်လုံးလျှင် (၃၇၀) ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၁၂၂) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၄၈၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်၊ ကြက်ဥ(၁၀) လုံး၊ဆီ(၅၀) ကျပ်သား ရောင်းချပေးခဲ့ပါသည်။စုစုပေါင်းရောင်းချမှုအနေဖြင့် ဆန်(၃) အိတ်၊ဆီ(၅၀) ကျပ်သားဘူး(၂၀၀) ၊ ကြက်ဥအလုံးရေ(၆၀၀) လုံးတို့အား ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်ရှိ စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း


    ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် (၁၇-၁၁-၂၀၂၅)ရက်နေ့တွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဒေးဒရဲမြို့ ရှိ စက်သုံးဆီရောင်းချလျက်ရှိသည့်"ရတနာကောင်းကင်"စက်သုံးဆီအရောင်းဆိုင် နှင့်  “BOC"စက်သုံးဆီဆိုင်များသို့သွားရောက်၍ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအားဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် "ရတနာကောင်းကင်" စက်သုံးဆီဆိုင်နှင့် “BOC"စက်သုံးဆီအရောင်းဆိုင်၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီ အရည်အသွေး၊ အချင် အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန် အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင် နှင့် တွေ့ဆုံကာ မြို့နယ် အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း အဆမတန် မြှင့်တင် ရောင်းချမှုများ မရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေး မှာကြားခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

   ဆန်ဈေးနှုန်းတည်ငြိမ်ရေးကွင်းဆင်းစစ်ဆေး

     ဒေးဒရဲမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးရှိဆန်ဆိုင်(၆)ဆိုင်သို့စားသုံးသူရေးရာဦးစီးဌာနနှင့်စည်ပင်သာယာရေးဦးစီးဌာနတို့ ပါ၀င်သော ပူးပေါင်းအဖွဲ့တို့ဖြင့်(၁၇-၁၁-၂၀၂၅)ရက်၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
    ထိုသို့ကွင်းဆင်းစိစစ်ခဲ့ရာတွင်ဆန်များအားသတ်မှတ်ထားသည့်ဈေးနှုန်းထက်ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် ဆန်လက်ကျန်အရေအတွက်များမေးမြန်းခဲ့ပြီး ဆန်သိုလှောင်ရုံများ မှတ်ပုံတင် သက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုး ဆောင်ရွက်ရန်ကိုဆိုင်ရှင်များအား မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့၊ အောင်မြင့်မိုရ်ဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်တွင် (စ.စ.စ) ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စပါးကုန်သည်လုပ်ငန်းရှင်အသင်းနှင့် ပူးပေါင်း၍ ကျိုက်လတ်မြို့ အောင်မြင့်မိုရ်ဈေးရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံက အများပြည်သူများ ဝယ်ယူသုံးစွဲနိူင်ရေး အတွက်ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းအလိုက် ဆိုင်းဘုတ်တင် ချိတ်ဆွဲ ရောင်းချနေမှုအခြေအနေ၊ ဆန်အိတ် လက်ကျန် အခြေအနေနှင့် သိုလှောင်ထားရှိမှု အခြေအနေတို့အား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ခြင်းများသည် ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ၊ ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းစားသုံးမှုရှိသည့် ဆန်အုပ်စုများ၊ပြည်တွင်းစားသုံးသူများအတွက် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းအုပ်စုများ၊ ဈေးကွက်အတွင်း သင့်တင့်မျှတသည့် ဈေးနှုန်းနှင့် ရောင်းချမှုရှိစေရေး၊ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန်ထားသည့် လစဉ်ဆန်စပါးဈေးနှုန်းများနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားဆောင်ရွက်မှုများ၊ ဆန်အမျိုး အစားအလိုက် ရောင်းချရမည့် ရည်ညွှန်းဈေးများနှင့် ဈေးကွက်အတွင်း အမြင့်ဆုံး ရောင်းချနိုင်မည့် ဈေးနှုန်းများ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ