
၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် မြိတ်မြို့၊ ကွက်သစ်ရပ်၊ D လမ်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကျင်းပပြုလုပ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၆/၂၀၂၅-၂၀၂၆)၌ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် စားသုံးသူဘေးအန္တရာယ်ကင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ဟောပြောဆွေးနွေးရာတွင် လူသုံးကုန်များဖြစ်သည့်အတွက် မိမိတို့ထုတ်ကုန်များဘေးအန္တ ရယ်ကင်းစေရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ ထုတ်ကုန်တစ်ခုဖြစ်လာသည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရ မည့်အကြောင်း၊ လုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးများတွင် အခွင့်အရေး (၈)ရှိကြောင်း၊ နစ်နာမှုဖြစ်ပါကလည်း စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
