Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

        (27.၁၁.၂၀၂၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ Online စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/ မရှိနှင့် အခြားလိုအပ်သည့် အချက်အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/ မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဇမ္ဗူထွန်းဆန်စက်သို့MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

     ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်နှင့် ဝန်ထမ်း များသည် (၂၁.၁၁.၂၀၂၅) နေ့၊နေ့လယ်(၁၂:၀၀)အချိန်တွင် ဒေးဒရဲမြို့နယ် တော်လှ‌ ကျေးရွာသို့ သွားရောက်၍ ဇမ္ဗူထွန်းဆန်စက်တွင် ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊ စပါးဆန်ဈေးကွက် အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊ MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကို ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ပါသည်။
      အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် စပါး/ဆန် သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊ သက်တမ်းတိုးရန်ရှိပါက သက်တမ်းတိုး ဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

(Doca ဧရာဝတီ)

 

ဒေးဒရဲမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအား MyRoတွင်ဆန်စပါးလက်ကျန် စာရင်းဖြည့်သွင်း နိုင်ရေးအသိပညာပေးဟောပြောခြင်း

   ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာ၀န်ခံသည် ၂၀၂၅ခုနှစ်၊
နို၀င်ဘာလ၂၁ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိဆန်စက် အသင်းရုံးတွင် ဆန်စက်ပိုင်ရှင်(၈)ဦးအား MyRoတွင် ဆန်စပါးလက်ကျန်စာရင်းဖြေသွင်းနိုင်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
     ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာ၀န်ခံက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေး
ရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း (MyRo)မှတ်ပုံတင်ထားသည့်သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း၁ရက်နေ့မှ ၇ရက်အတွင်း Updateဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြီးမြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများ

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ထုတ်ကုန်မျးလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိမရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

          ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ  ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်()ကြိမ်၊ သစ်ရာမြိုင်ရပ်ကွက်ရှိလင်းရောင်ဝင်း စက်သုံးဆီအရောင်းဆိုင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း()ကြိမ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊ တင်းတိန်ရံကျေးရွာ အလယ်တန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း()ကြိမ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင်  ကျောင်းအင်းကျေးရွာ မူလတန်းကျောင်းရှိ ကျောင်းမုန့်ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း()ကြိမ်နှင့် အင်ကြင်းမြိုင်ရပ်ကွက်ရှိပေါ်ဦးသောက်ရေသန့်စက်ရုံလုပ်ငန်းသို့  ကွင်းဆင်းစစ်ဆေးခြင်း()ကြိမ်ကို အဖွဲ့စုံဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့ပေါ် ရပ်ကွက်များအတွင်းရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လတ်မှုရှိမရှိ၊ (PPRD) စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန် မှန်ကန်မှုရှိမရှိ စစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ကုန်စည် အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်ဖော်ပြထားခြင်း ရှိမရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်းရှိမရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ဌာနဥပဒေနှင့် ညွန်ကြားချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသ် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

          ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောဆောင်ရွက်ခြင်း()ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊  တင်းတိန်ရံကျေးရွာ အလယ်တန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ()ကြိမ်၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင်  ကျွန်းလှမြို့နယ်၊  ကျောင်းအင်းကျေးရွာ မူလတန်းကျောင်းတွင်  စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ()ကြိမ် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အဓိပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး()ချက်၊ စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့် တာဝန်()ချက်၊ စားသုံးသူအကာကွယ်ပေးရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့် အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်းပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

       ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်(၀၈း၀၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “နှင်းမိုးလှိုင်” ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း(၁)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက ကိတ်မုန့် ပေါင်မုန့်များ ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍   ကုန်ကြမ်းဝယ်ယူရရှိမှုအခြေအနေ၊ ထုတ်လုပ်ရောင်းချသည့်မုန့်များကို ပို့ဆောင်ရောင်းချမှုအခြေအနေ ဈေးနှုန်း/ ဈေးကွက်အခြေအနေတို့ကို မေးမြန်းပြီး ကိတ်မုန့်၊ ပေါင်မုန့်နှင့် ပတ်သက်၍ အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များအတိုင်း ထည့်သွင်းဆောင်ရွက်ထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည် မုန့်များစစ်ဆေးတွေ့ရှိရသလို ထပ်မံတိုးချဲ့သည့် မုန့်များကိုလည်း ဒုတိယအကြိမ် ကုန်အညွှန်းအမှတ်အသားလျှောက်ထားဆောင်ရွက်နိုင်အောင် ကူညီဆောင်ရွက်ပေးခြင်း လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တိုင်း သိရှိလိုက်နာဆောင်ရွက်ရမည့် ပြစ်မှု/ ပြစ်ဒဏ်များအကြောင်း ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များကို Online စနစ်ဖြင့် ရောင်းချနေခြင်းရှိပါက Online မှတ်ပုံတင် ခြင်းလုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်ရန်အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် ထုတ်ပြန်ထားပြီး  အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး (၆)လ ပြည့်မြောက်သည့်နေ့မှစ၍ မှတ်ပုံတင် အသက် ဝင်လာပြီး မှတ်ပုံတင်မရှိဘဲ Online Sales ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ(၂)ရက်နေ့တွင် စတင်အသုံးပြုခဲ့တာဖြစ်ကြောင်း၊ မှတ်ပုံတင်ရာမှာ ပူးတွဲ တင်ပြရမည့် အချက်များအကြောင်းနှင့် မှတ်ပုံတင်မည့်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း၌ မင်းကွန်းကျေးရွာမှ လာရောက်ဖွင့်လှစ်သော ပရဟိတ ပညာရေးအကယ်ဒမီကျောင်းသို့ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ ဟောပြော

         စစ်ကိုင်းမြို့၊ လေးကျွန်းမြေအုဋ်ကျောင်း၌ မစိုးရိမ်ကျောင်းတိုက်မှဆရာတော်ဦးစီးပြီး မင်းကွန်းကျေးရွာမှ လာရောက်ဖွင့်လှစ်သော ပရဟိတပညာရေးအကယ်ဒမီကျောင်းသို့ နိုဝင်ဘာလ ၂၄ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ရာ ဆရာ/ဆရာမ (၃)ဦးနှင့် ကျောင်းသူ/ ကျောင်းသား (၁၁၂ )ဦး စုစုပေါင်း (၁၁၅)ဦး တက်ရောက်ခဲ့ပါသည်။

          စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉)ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ၈၄ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး (၁)ဦးမှာ Call Center နံပါတ် 1535ဖြင့် နေပြည်တော်(ရုံးချုပ်)သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

           စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပြည်သူ့ရင်ပြင်တွင် MSME ဈေးရောင်းပွဲတော်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ (၅)ရက်ကြာ ကျင်းပသွားမည်ဖြစ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ (၁၉.၁၁.၂၀၂၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၁) တွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်းညှိနှိုင်းအစည်း ကျင်းပခဲ့ပါသည်။

        အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအစည်းအဝေးသည် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ကို  (၁၀၀)ကျော်က ဆိုင်ခန်းများဖွင့်လှစ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် နာမည်ကြီးအဆိုတော် (၅)ဦးဖြင့် ဖျော်ဖြေသွားမည်ဖြစ်ရာ စားသုံးသူရေးရာဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးမှ MSME လုပ်ငန်းရှင် (၆) ဦးနှင့်ချိတ်ဆက်၍ ဒေသတစ်ခုထုတ်ကုန် တစ်ခုဖြစ်သော ဒေသထွက် ရွှေဘိုပေါ်ဆန်း၊ အရာတော်သနပ်ခါး၊ ဟုမ္မလင်းလက်ဖက်၊ ကလေးနေကြာဆီ၊ ချင်းရိုးရာနှင့်တမူးဒေသထွက် ကုန်ပစ္စည်းများအပါအဝင် ပြခန်း(၆)ခန်းတာဝန်ယူ၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ

    ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ရွှေတောင်မြို့ သရက်တောရပ်ကွက်၊ (အ.မ.က) မင်းတဲကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား (၈)ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူအခွင့်အရေးများ အကြောင်း၊ လုပ်ငန်းရှင်၏တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း တိုင်ကြား ရန် နည်းလမ်းများအကြောင်းနှင့် Call Center “1535” သို့လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဆွေးနွေးကျင်းပခဲ့ရာ ဆရာ/ ဆရာမ၊ ကျောင်းသား/သူ (၆၇) ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်း Talk Show ပွဲ ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးထွန်းနိုင်လင်း သည် (၂၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပြည်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရိုက်ကူးရေးခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ဖြင့် ဆွေးနွေးခဲ့ကြောင်းသိရပါသည်။

      အဆိုပါဆွေးနွေးပွဲတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခင်ရွှေဝါဖူး က အသိပညာပေး Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းက စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများက စားသုံးသူကာကွယ်ရေး အတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ဥပဒေအကြောင်းနှင့် ကုန်စည်/ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဈေးကွက်မရောက်မီ Pre Market ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏ တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များအား အလေးထား လိုက်နာဆောင်ရွက်မှသာ လုံခြုံစိတ်ချရသော ကုန်ပစ္စည်းများအား ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်              လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့် Online မှတဆင့် တိုင်ကြားလိုပါက စားသုံးသူရေးရာ Call Center (1535)သို့ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)            

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ