
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးဦးစံကြည်နှင့် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည်(၉.၃.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီကလပွတ္တာမြို့နယ် ရွေးနဒီခမ်းမတွင်စားသုံးဆီ လက်လီ/လက်ကား လုပ်ငန််းရှင်များအား ဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးစံကြည်နှင့် လပွတ္တာမြို့နယ်တာဝန်ခံ မှစားသုံးသူရေးရာဦးစီးဌာန၏လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်း တာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှစားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပတ်သက်ပြီးအရေးကြီး ကုန်စည်ဥပဒေများအကြောင်းအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စားသုံးဆီလုပ်ငန််းရှင်များမှ သိရှိလိုသည့် မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ဌာနဆိုင်ရာ(၂)ဦး၊ စားသုံးဆီ လက်လီ/လက်ကား လုပ်ငန်းရှင်(၅၉)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
