
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၈.၃.၂၀၂၆)ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဆီကုန်သည်နှင့်ဆီအသင်းရုံးခန်း၌ ဟင်္သာတခရီုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဆီလက်ကားကိုယ်စားလှယ်များအား ပြည်သူများသို့ ဆီဖြန့်ဖြူးရောင်းချသည့် စည်းကမ်းသတ်မှတ်ချက်များ၊ ပြည်သူလက်ဝယ်ရောက်ရှိနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပါတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများဘေး အန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် လုပ်ငန်းရှင်များမှ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး အသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် စားသုံးသူများအသုံးပြုမည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့်လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ဆွေးနွေးခြင်း၊ စားသုံးသူပြည်သူများသို့ စားအုန်းဆီများ လက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှုအားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့်အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ပြည်သူများသို့ ဖြန့်ဖြူးရောင်းချစေရေး၊ မသမာသောနည်းလမ်းများသုံး၍(လုံးဝ)ရောင်းချမှုမပြုလုပ်ရေး တွေ့ဆုံဆွေးနွေး၍ မသမာသောနည်း လမ်းများသုံး၍ရောင်းချမှုများ အဖွဲ့မှစစ်ဆေးပြုလုပ်တွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း စသည်တို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
