Main menu

HighLight News

Powered by Drupal

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ် စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေ နှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

မုံရွာမြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းခြင်းဆောင်ရွက်ခဲ့

            စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့မှဦးဆောင်၍ မိတ်ဖက် ဌာနများဖြစ်သော တိုင်းဒေသကြီးအထူးစုံစမ်းစစ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း ၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ “ ယူနတီ၊ ရွှေနန်းတော်၊ မူကထအိမ်၊ King Rayal ၊ စားသောက်ဆိုင်များသို့ ကွင်းဆင်းခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အစားအသောက်များပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိ/ မရှိ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/ မှရှိ၊ အစားအသောက်များလတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ စားသုံးသူအခွင့်အရေး များရရှိစေရန်၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြရန် စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန်၊ ရောင်းချသည့်စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား၊ ပမာဏ အလိုက်ဈေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် စသည့်အချက်အလက်များကို စစ်ဆေးခဲ့ပြီ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ “ထာဝရ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည်များကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၃၀ ) ရက်နေ့တွင် မုံရွာမြို့၊ သလ္လာရပ်ကွက်ရှိ “ထာဝရ” မုန့်လုပ်ငန်းမှ ထုတ်လုပ်သည့် ကုန်စည် များကို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ဆောင်ရွက်ရာတွင် “ထာဝရ” မုန့်လုပ်ငန်းမှ “ထာဝရ”အမှတ်တံဆိပ် နို့ယို ပေါင်မုန့်၊ အုန်းသီး ပေါင်မုန့် ကုန်စည် (၂) မျိုးကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသည်ကို စစ်ဆေး တွေ့ရှိရပြီး ၎င်းကုန်စည်(၂)မျိုး၏ ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီကိုက်ညီ မှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း ( ၁၁ ) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာခရိုင်၏ (၆/၂၀၂၅)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှု အခြေအနေ

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိ ပါသည်။

            မုံရွာခရိုင်အနေဖြင့် (၆/၂၀၂၅) လအတွင်း ခရိုင်ဦးစီးမှူး မှဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နှင့် ကျောက္ကာလမ်းပေါ် လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန် ပစ္စည်းအရောင်းဆိုင်များ၊ မုံရွာမြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကိုအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၆ /၂၀၂၅) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်း ဆောင်ရွက်မှုအခြေအနေ

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင် ရွက်လျက်ရှိပါသည်။

                မုံရွာခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၃) ကြိမ် ဆောင်ရွက်ခဲ့ရာ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)တို့သည် ( ၁၁.၆.၂၀၂၅ ) ရက်နေ့တွင် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ “ဝိုင်းအုံ” လက်ဖက်လုပ်ငန်းရှင်၊ (၁၉.၆၂၀၂၅) ရက်နေ့တွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ “ဟက်ပီးဝမ်း” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် “အိုပီယမ်” မုန့်မျိုးစုံလုပ်ငန်းရှင် များနှင့်  တွေ့ဆုံပြီးစားသုံးသူကာကွယ် ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအားအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်အတွင်းရှိအသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ အထက်ပုဇွန်တောင်လမ်းမပေါ်ရှိ One Stop Kitchen တာဝန်ခံနှင့်တွေ့ဆုံ၍ Kitchen Mark အတွင်း ရောင်းချလျှက်ရှိသော အသင့်သောက်ကော်ဖီမစ်ထုတ်များတွင် ကုန်အညွှန်း အမှတ်အသားများမြန်မာဘာသာဖြင့် ပြည့်စုံစွာရေးသားဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်သောက်ကော်ဖီမစ်ထုတ်များ ဖြစ်သော One Twa, Milk Boy, Platinum, Sunday စသည့် အမှတ်တံဆိပ်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ဖော်ပြချက် စသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း(ကြီး/ရေး)နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ ကျိုက္ကဆံ(စူပါဝမ်း) ရှိ တာဝန်ခံများနှင့်တွေ့ဆုံ၍ အလှကုန် ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိရမှာဖြစ်ပြီး (၁၀) ဂရမ်အောက် အလှကုန်များတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ဖော်ပြထားခြင်းရှိ/ မရှိတို့ကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (ကြီး/ရေး)နှင့် ဝန်ထမ်းများသည် ၇-၇-၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် တာမွေမြို့နယ်၊ Orange ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ အလှကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အလှကုန်ပစ္စည်းများ (၁၀)ဂရမ်အထက် အလှကုန်များနှင့် (၁၀)ဂရမ်အောက် အလှကုန်များတွင် မြန်မာလိုမဖြစ်မနေဖော်ပြရမည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ ကြိုတင်သတိပေးချက်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့် ကြောင်းဖော်ပြချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိကို စစ်ဆေးခြင်းနှင့် ရေးသားဖော်ပြထားခြင်းမရှိသော အလှကုန်များကို စစ်ဆေးတွေ့ရှိပါက ဥပဒေအရ‌ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိ စစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်း နိုင်(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်ရှိ Capital Super Market ရှိ တာဝန်ခံများနှင့် တွေ့ဆုံ၍ Market အတွင်း ရောင်းချလျှက်ရှိသော ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးကစားစရာအရုပ်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များအား မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး ကလေးကစားစရာအရုပ်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန် ကြိုတင်သတိပေးချက်များကို မဖြစ်မနေရေးသားဖော်ပြရမှာဖြစ်ကြောင်းနှင့် ကလေးများထိခိုက်မှုမရှိစေရန်အတွက် ယခုလို ဈေးကွက်စောင့်ကြည့်စစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်းကာ (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တာဝန်ရှိသူများသည် ဈေးကွက်အတွင်း စားသုံးဆီရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်း ရေးဆွဲထားသည့် လက်လီ/လက်ကား ဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲ ရောင်းချရန် ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံအပြည့်အဝ ရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေး၍ အသိပညာပေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News