Main menu

HighLight News

Powered by Drupal

တိုက်ကြီးမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာဈေးနှုန်းများ ကွင်းဆင်းစစ်ဆေးခြင်း

(၈.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၁:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးသူအောင်ဉီးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာန၊ စိုက်ပျိုးရေးဉီးစီးဌာန၊ မီးသတ်ဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဓါတ်မြေဩဇာအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ ဓါတ်မြေဩဇာဆိုင်များ၌ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

၈.၇.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဉီးတို့သည် အင်းစိန်မြို့နယ်ရှိ ကော့စမိုပရီမီယံ ကလိုသင်း အမည်ဖြင့် Online လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသောအချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(ခ/၅၅၂)၊ မင်းစေတီလမ်းသွယ်(၁)၊ ရွာမအနောက် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ “ကော့စမိုပရီမီယံကလိုသင်း”အမည်ဖြင့် Online စနစ်ဖြင့် ရောင်းချမှုအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်းရှိ/ မရှိနှင့် ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။ DOCA (ရန်ကုန်)

ဂျိုဂျိုးလိုကယ်အွန်လိုင်းရှော့သို့ အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် ၈.၇.၂၀၂၅ ရက်နေ့ နံနက်(၀၉:၁၅) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၁၄)၊ မြိုင်သာယာလမ်း၊ တောင်သူကုန်းရပ်ကွက်တွင် ဂျိုဂျိုးလိုကယ်အမည်ဖြင့် Online မှတ်ပုံတင်ထားရှိသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထား ရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့်ဆီများရောင်းချမှုရှိစေရန်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုဆောင်ရွက် ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ (၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည် စမ်းချောင်းမြို့နယ်၊ ရှမ်းလမ်းဈေး အတွင်းရှိ ဒေါ်အိအိဖြူ (ဆီဆိုင်) နှင့် ဦးထွန်းမြင့်နိုင် (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၈.၇.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ် စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့်သတ်မှတ်သည့် ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၈.၇.၂၀၂၅ ရက်နေ့တွင် လမ်းမတော်မြို့နယ်အတွင်းရှိ (68)ဆန်ရောင်းဝယ်ရေးနှင့် ကမ္ဘာကျော် ဆန်ဆိုင်တို့အား (၁၀:၃၀) နာရီအချိန်တွင် အဖွဲ့စုံနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက်စစ်ဆေးခဲ့ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ရန်ကုန်)

ဘိုကလေးမြို့ မူလွန်အောက်ပိုင်းကျောင်းရှိ ဆရာ/ဆရာမ ၊ ကျောင်းသား/သူများအား စားသုံးသူ ကာကွယ်ရေး အသိပညာပေးခြင်း

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မူလွန်အောက်ပိုင်းကျောင်းရှိ ဆရာ/ဆရာမ (၁၃) ဦး၊ ကျောင်းသား/ သူ(၁၂၀) ဦး၊ စုစုပေါင်း (၁၃၃) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ဘေးအန္တရာယ်ရှိသော ဓာတုဆိုးဆေးများအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအကြောင်း၊ စားသုံးသူများ ဝယ်ယူစားသုံးရာတွင် မြန်မာဘာသာ(သို့) အခြားဘာသာတစ်ခုထက်ပို၍ ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူ စားသုံးကြရန် နှင့် စားသုံးသူများ၏ အခွင့်အရေးများအကြောင်း အသိပညာပေး ဟောပြောခဲ့မှုအပေါ် သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ဒေးဒရဲမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်နှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဒေးဒရဲမြို့မဈေးအတွင်းရှိ မုန့်မျိုးစုံ အရောင်းဆိုင်များတွင် ရောင်းချနေသော မုန့်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်း ရောင်းချနေသော အသင့်စားမုန့် အမျိုးမျိုး တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် FDA ထောက်ခံချက်အမှတ်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်း ကုန်ဆုံးသည့်ရက်စွဲ၊ ပါဝင်ပစ္စည်း ဖော်ပြထားရှိမှု၊ မြန်မာဘာသာ ဖြင့် ဖော်ပြထားရှိမှု အခြေအနေတို့အား စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်း ဆင်းစိစစ်ခြင်း

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ကြီးကြပ်ရေးမှူး ဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျိုက်လတ် မြို့ပေါ်ရှိ စားအုန်းဆီ အရောင်းဆိုင် (၂) ဆိုင်တွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထား သော ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့ကြ ပါသည်။ ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် ကျိုက်လတ်မြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင်(၂) ဆိုင်တွင် ရောင်းချနေသော စားအုန်းဆီများကို သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ဆိုင်းဘုတ်တင် ရောင်းချနေသည်ကို စိစစ်တွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုမရှိပါကြောင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ရေကြည်မြို့နယ်၊ ရေကြည်မြို့အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား (၂.၇.၂၀၂၅) ရက်နေ့၊ နံနက် (၀၉း၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအတွင်းရှိ ရောင်းချလျက်ရှိသောဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆေးမျိုးစုံအရောင်းဆိုင်များတွင် ပြည်သူများအတွက်ရောင်းချပေးသော ဆေးနှင့် ဆေးပစ္စည်းများ၌ သက်တမ်းလွန်ဆေးဝါးများရှိ/ မရှိ၊ ဆေးဝါးမှတ်ပုံတင်ထားရှိသော ဆေးများရှိ/ မရှိ၊ စံမမှီဆေးဝါးများရောင်းချခြင်းရှိ/ မရှိ၊ ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/ မရှိကို ပူးပေါင်းအဖွဲ့များဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

ရေကြည်မြို့နယ်ရှိ၊ မုန့်ဟင်းခါးနှင့် ညှပ်ခေါက်ဆွဲဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ရေကြည်မြို့နယ်၊ ရေကြည်မြို့ရှိ မုန့်ဟင်းခါး၊ ညှပ်ခေါက်ဆွဲမုန့်ဖိုများသို့ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂.၇.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဗထူးရပ်ကွက်၊ အောင်ဆန်းလမ်းရှိ ဦးအောင်သန်း မုန့်ဟင်းခါးဖိုလုပ်ငန်းသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်ဖိုများတွင် အသုံးပြုသော ပစ္စည်းများ သန့်ရှင်းခြင်းရှိ/ မရှိ၊ မုန့်ဖိုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုနှင့် မုန့်ဟင်းခါးနှင့် ညှပ်ခေါက်ဆွဲများကို Mobile Lap ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News