Main menu

HighLight News

Powered by Drupal

“ ကော့မှူးမြို့နယ်၌ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားကျင်းပခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌  တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခြင်းနှင့် မိုးစပါးစိုက်ပျိုး ခြင်းအခမ်းအနားကို ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် အဖျောက်ကျေးရွာ၊ အဖျောက်ကွင်း ဦးအမှတ်(၂/၂)၊ ကွင်းအမှတ်(၂၇၇)ရှိ ဦးစန်းလွင်၏လယ်မြေ(၅)ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါအခမ်းအနားတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် နိုင်ငံတော်၏လယ်မြေများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုကဲ့သို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) အသုံးပြုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းတို့က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ၏ထူးခြားချက်၊ အားသာချက်၊ စွမ်းဆောင်ချက်များ၊ ကုန်ကျစရိတ်သက်သာပြီး အချိန်မီစိုက်ပျိုးရိတ်သိမ်းနိုင်ခြင်း၊ အထွက်နှုန်း ကောင်းမွန်ခြင်းတို့ကြောင့် မိုးစပါးစိုက်တောင်သူများအနေဖြင့် ဝင်ငွေတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများအား အသေးစိတ်ရှင်းလင်းဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

        အဆိုပါ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်(၂) ဦးမြင့်ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“ ကော့မှူးမြို့နယ်ရှိ ကလေးကစားစရာအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအမျိုးမျိုးအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးနေသော ကုန်စည်များနှင့်စပ်လျဉ်၍ ဘေးအန္တရာယ်ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိမည့်အချက်များဖော်ပြထားမှုရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများသည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ကလေးကစားစရာအမျိုးမျိုးရောင်းချနေသောဆိုင်များမှ လုပ်ငန်းရှင်းများနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံချိန်၊ စံညွှန်းများနှင့်ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော၊ ကလေးများအတွက် ဘေးအန္တရာယ်ဖြစ်နိုင်ခြေမရှိသော ကလေးကစားစရာအမျိုးမျိုးကိုသာ မိမိတို့၏ဆိုင်များတွင် ဝယ်ယူဖြန့်ဖြူးရောင်းချရန်လိုအပ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအနက် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေးအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မခွဲ(ဆ) ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကိုဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော ကလေးကစားစရာအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေးအသိပညာများပေးပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ ကော့မှူးမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင်  နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နေ့လယ် (၁၅၀၀) နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

      အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဒေဝက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကော့မှူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့နှင့်ဆက်စပ်လုပ်ငန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ချေးငွေများပြန်လည်ကောက်ခံရရှိမှု၊ အသုံးစရိတ်ကျခံသုံးစွဲမှုများကို (၆)လတစ်ကြိမ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော စီမံကိန်းများကို ဖော်ပြထားသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်နေခြင်းရှိ/မရှိ‌စစ်ဆေးရန် မြို့နယ်ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ကြီးကြပ်မှုကော်မတီအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များအား ညှိနှိုင်းဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။

       အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်မန်နေဂျာ၊ သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးတို့တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

“ သုံးခွမြို့နယ်ရှိ ကလေးကစားစရာဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်နှင့် ရပ်ကွက်များတွင် ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသည့် ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပြည်တွင်း/ပြည်ပမှထုတ်လုပ်တင်သွင်းသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/မရှိ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၃)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် သုံးခွမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများသည်  မြို့မဈေးအတွင်း/အပြင်နှင့်ရပ်ကွက်များရှိ ကလေးကစားစရာအရုပ်အမျိုးမျိုးရောင်းချသောဆိုင်များ တွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကလေးကစားစရာအရုပ်အမျိုးမျိုးအပါအဝင် အခြား ဘေးအန္တရာယ်ရှိသော ကုန်စည်များကိုလည်းရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဈေးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

                                   

လှည်းကူးမြို့နယ် မြေပြင်တွင် စားအုန်းဆီရောက်ရှိမှု၊ ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒေါ်မြင့်မြင့်စန်းသည် ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေးကုန်စုံဆိုင်များသို့သွားရောက်ကာ စားအုန်းဆီနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါ သည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လှည်းကူးမြို့နယ်တွင် ကုမ္ပဏီ(၁)ခုရှိပြီး ရရှိခွဲတမ်းများကို လက်လီရောင်းချသူများ၊ ဈေးအတွင်း၊ ဈေးအပြင်၊ ရပ်ကွက်ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ဝန်ထမ်းများသို့ ခွဲဝေပေးခဲ့ကြောင်းသိရှိရပြီး ဆက်လက်၍ လက်လီကိုယ်စားလှယ်များဖြစ်သော ဒေါ်ဥမ္မာခင်နှင့် ဦးအောင်ကိုးကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူပြည်သူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပြီး ၎င်းနောက် စားအုန်းဆီများကို လက်ကျန်မထားရန် တစ်နေ့စာ တစ်နေ့ကုန်အောင်ရောင်းပြီး ဈေးနှုန်းကိုလည်းမြှင့်တင်မရောင်းချကြရန်နှင့် ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

 

တိုက်ကြီးမြို့နယ် မြေပြင်တွင် စားအုန်းဆီရောက်ရှိမှု၊ ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးပါ ဝန်ထမ်း(၂)ဦးတို့သည် ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေး ကုန်စုံဆိုင်များသို့သွားရောက်၍ စားအုန်းဆီနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် တိုက်ကြီးမြို့နယ်တွင် ကုမ္ပဏီ(၅)ခုရှိပြီး ရရှိခွဲတမ်းများကို လက်လီရောင်းချသူများ၊ ဈေးအတွင်း၊ ဈေးအပြင်၊ ရပ်ကွက်ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ဝန်ထမ်းများသို့ ခွဲဝေပေးခဲ့ကြောင်းသိရှိရပြီး ဆက်လက်၍ လက်လီကိုယ်စားလှယ်များဖြစ်သော ဒေါ်သင်းသင်းခိုင်နှင့် ဒေါ်သန်းမြင့်ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူပြည်သူတစ်ဦးလျှင် ဆီ(၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပြီး ၎င်းနောက် စားအုန်းဆီများကို လက်ကျန်မထားရန် တစ်နေ့စာ တစ်နေ့ကုန်အောင်ရောင်းပြီး ဈေးနှုန်းကိုလည်းမြှင့်တင်မရောင်းချကြရန်နှင့် ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းအသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

မှော်ဘီမြို့နယ် မြေပြင်တွင် စားအုန်းဆီရောက်ရှိမှု၊ ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် (ဒုတိယကြီးကြပ်ရေးမှူး) ပါ ဝန်ထမ်း(၂)ဦးတို့သည် ၁၂-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးကုန်စုံဆိုင်များသို့သွားရောက်ကာ စားအုန်းဆီနှင့်ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင် ကုမ္ပဏီ (၆)ခုရှိပြီး ရရှိခွဲတမ်းများကို လက်လီရောင်းချသူများ၊ ဈေးအတွင်း၊ ဈေးအပြင်၊ ရပ်ကွက်ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ ဝန်ထမ်းများသို့ ခွဲဝေပေးခဲ့ကြောင်းသိရှိရပြီး ဆက်လက်၍ လက်လီကိုယ်စားလှယ်များဖြစ်သော ဦးအောင်မြင်သူနှင့် ဒေါ်အိချောကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေကြောင်းသိရှိရပြီး ဌာနအနေဖြင့် စားအုန်းဆီများကို လက်ကျန်မထားရန်၊ တစ်နေ့စာ တစ်နေ့ကုန်အောင်ရောင်းပြီး ဈေးနှုန်းကိုလည်းမြှင့်တင်မရောင်းချကြရန်နှင့် ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

အင်းစိန်ခရိုင်၌ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ အစည်းအဝေးကျင်းပခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းထိုက်စိုး (အငယ်တန်းစာရေး) သည် ၁၁-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီနှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်ခဲ့ပါသည်။

     ထိုသို့တက်ရောက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ (အဖွဲ့ဝင် ၁) ဗိုလ်မှူးသုခလှိုင်၊ အတွင်းရေးမှူး ရဲမှူးသန့်ဇင်၊ မြို့နယ်စည်ပင်သာယာရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ အင်းစိန်မြို့နယ်ဈေးစည်ပင်တာဝန်ခံ(၁၀)ဦးနှင့် စားအုန်းဆီကိုယ်စားလှယ်အပါအဝင် အုပ်ချုပ်ရေးမှူး (၂၁)ဦးတက်ရောက်ခဲ့ပြီး လက်လီကိုယ်စားလှယ်များဆီသို့ စားအုန်းဆီရောက်ရှိမှုစာရင်း၊ ခွဲဝေမှုစာရင်း၊ မြေပြင်တွင်ရောင်းချမှုစာရင်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ဆက်လက်၍ ကိုယ်စားလှယ်အများစုမှာ ယခင်ခွဲတမ်းများအတိုင်း မရရှိတော့ဘဲ ခွဲတမ်းလျော့ရသည့်အကြောင်းအရင်းနှင့်ပတ်သက်ပြီး တင်ပြခဲ့ရာ ဥက္ကဋ္ဌက လက်ကားကိုယ်စားလှယ်ပေးသူများနှင့် လက်လီကိုယ်စားလှယ်ရရှိသူများအား အချင်းချင်းအဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ကြပါရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

အမှတ်တံဆိပ်ပါ စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် (၁၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၄၅)နာရီအချိန်တွင် မင်္ဂလာဒုံဈေးမှ ဈေးကြီးကြပ်ရေးမှူး ဦးစိုးချစ်ဦးပါ(၂)ဦးတို့နှင့်ပူးပေါင်းကာ  မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးရှိ  ကုန်မျိုးစုံဆိုင်သို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများရောင်းချနေသည့် Meizan, Goody, Lotus တို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော ကုန်စည်များကိုသာရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

အင်းစိန်မြို့နယ်၊ အင်းစိန်ဈေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေး လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

   စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် အင်းစိန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၂) ဒေါ်ခင်မြတ်မော်၊ အင်းစိန်ဈေးမှ ဈေးတာဝန်ခံ ဦးလှသူနှင့်ပူးပေါင်း၍ (၇-၆-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်းစိန်ဈေးရှိ ကုန်စုံဆိုင်များဖြစ်သည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဒေါ်ခိုင်ရွှေ (ဒု-ကြီးကြပ်ရေးမှူး) က ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ထည့်သွင်းဖော်ပြထားသည့် ကုန်ပစ္စည်းများဖြစ်မှသာလျှင် စားသုံးသူများအတွက် လုံခြုံစိတ်ချရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး မိမိတို့ရောင်းချသည့် စားသုံးဆီအမှတ်တံဆိပ်များတွင်လည်း ကုန်အညွှန်းအမှတ် အသားများပြည့်စုံစွာပါရှိသည့် ကုန်ပစ္စည်းများဝယ်ယူရောင်းချပါက ဘေးကင်းလုံခြုံမှုရှိပြီး လုံခြုံစိတ်ချရသောကုန်စည်သည် ဈေးကွက်တွင် နေရာရရှိပြီး စားသုံးသူများကလည်း ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲကြမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - HighLight News