ကြို့ပင်ကောက်မြို့တွင် ဆန်ဈေးနှုန်း/ ဈေးကွက်အခြေအနေအားကွင်းဆင်းခြင်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ရွာမမြောက်ရပ်ကွက်၊ မြောက်ရွာမတန်းလမ်းရှိ ဆန်ဆိုင်များနှင့်ဆန်စက်များသို့ (၁၄-၆-၂၀၂၄) ရက်နေ့တွင် မြို့နယ်စားသုံး သူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် သွားရောက်ကွင်းဆင်းခဲ့ရာ ဆန်ဆိုင်များတွင် ရန်ကုန်မြို့မှ ဝယ်ယူရောင်းချနေသောဆန်များဖြစ်သည့် မြောင်းမြပေါ်ဆန်းမွှေးတစ်အိတ်လျှင် (၁၄၆၀၀၀)ကျပ်၊ စိတ်တိုင်းကျဆန်တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ စိတ်တိုင်းကျ AA တစ်အိတ်လျှင် (၈၈၀၀၀) ကျပ်၊ စိတ်တိုင်းကျ ပခန်းဆန်တစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ငွေလမင်းပေါ်ဆန်းဆန်တစ်အိတ်လျှင် (၁၃၅၀၀၀) ကျပ်၊ မိန်မိန်လေးဆန်တစ်အိတ်လျှင် (၁၀၅၀၀၀)ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင် (၁၄၆၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။
ဆန်စက်များတွင်လည်း လုပ်ငန်းရှင်နှင့်တွေ့ဆုံမေးမြန်းရာ ဒေသထွက်ဖြစ်သော ရတနာတိုးနှင့် ထိုင်းနှံကောက်စပါးများကို နဝလီကြိတ်ခွဲရာ Export တင်ရမည်ဖြစ်ကြောင်း၊ ဒေသထွက်ဆန်တစ်အိတ်လျှင် (၇၄၀၀၀)ကျပ်ပေါက်ဈေးရှိကြောင်း ဆန်စက်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။
DOCA(ပဲခူး)