Main menu

HighLight News

Powered by Drupal

ကျွန်းလှမြို့ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  (၁၂-၆-၂၀၂၄)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့ နယ်တာဝန်ခံတို့ပူပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းရှိ/မရှိ၊ စံမညီဆေးဝါးများ၊ တရားမဝင်ဆေးဝါးများ နှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမရှိစေရေးတို့အတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာန၏ ဆေးရောင်းချခွင့်လိုင်စင်ရှိ/မရှိနှင့် တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်ခြင်းခံရနိုင်ပါကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး  စားသုံးသူကာကွယ်ရေးဥပဒေ(၂/၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များပါရှိသည့်  အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့်  ၂၀၂၄ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့၊ နံနက် (၀၉း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆန်ဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ပါဝင်သောအဖွဲ့စုံဖြင့် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် လက်လီရောင်းချသည့်ဆန်ဆိုင်များနှင့် ဈေးကွက်အတွင်းရှိ ဆန်အမျိုးအစားများ၊ ဆန်ဈေးနှုန်းများ၊ ဆန်လက်ကျန်အခြေအနေများနှင့် အဆိုပါဆန်များကို မည်သည့်ဒေသများမှ ဝယ်ယူရောင်းချကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ရာ ဆန်အမျိုးအစားများနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်တင်းခွဲ(၁)ပိုင်းလျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာမင်း (အဟောင်း) တစ်တင်းခွဲ(၁)ပိုင်းလျှင် (၁၄၅၀၀၀)ကျပ်၊ မနောစင်စင်တစ်တင်းခွဲ(၁)ပိုင်းလျှင် (၁၀၀၀၀၀)ကျပ်၊ မနောသုခတစ်တင်းခွဲ(၁)ပိုင်းလျှင် (၉၃၀၀၀)ကျပ်နှင့် ဆင်းသုခတစ်တင်းခွဲ(၁)ပိုင်းလျှင် (၉၀၀၀၀)ကျပ် စသည့်ဈေးနှုန်းအသီးသီးဖြင့်ရောင်းချပြီး ယခင်မေလဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခင်လအတိုင်း အပြောင်းအလဲမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း၊ ဒေသတွင်းဆန်စက်များမှ ဝယ်ယူရောင်းချပြီး၊ “ရွှေဘိုပေါ်ဆန်း” ဆန်တစ်မျိုးတည်းကိုသာ ရွှေဘိုမြို့မှဝယ်ယူရောင်းချကြောင်း၊ လက်ကျန်အခြေအနေအနည်းငယ်ရှိကြောင်း၊ ၎င်းနောက် ဆန်အရောင်းဆိုင်လုပ်ငန်းရှင်အား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းမပြုလုပ်ကြရန်  ဆွေးနွေးခဲ့ကြောင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းအသိပညာပေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊ ချောင်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၁ရက်နေ့၊  နံနက် (၁၁:၀၀) နာရီအချိန်တွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်းသိရှိရပါသည်။

      ထိုသို့ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံသည့် ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အအမှတ် (၂/၂၀၁၉) နှင့် (၁/၂၀၂၁)ပါ ညွှန်ကြားချက်များပြည့်စုံခြင်းရှိ/မရှိ၊  မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသည့်  ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အဖြစ်ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်ထားသည့် အမိန့်အမှတ် (၂/၂၀၂၄)ကို လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်မှုမရှိပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း  စားသုံးဆီအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်းနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊  ချောင်းဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း(၁)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် (၁၁-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“အောင်ဝင်း” အသားခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဇွန်လ   ၁၀ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ “အောင်ဝင်း”  အသားခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Online Platform Viber မှတစ်ဆင့် တရားမဝင်တင်သွင်းရောင်းချသည့် Mixtard Insulin ဆေးများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇွန်လ ၁၀ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ နန္ဒဝန်၊ ထွန်းသောင်၊ အောင်ဇမ္ဗူဆေးဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းခဲ့သည့်ဆေးဆိုင်(၃)ဆိုင်တွင် Online Platform Viber မှတစ်ဆင့် တရားမဝင်တင်သွင်းရောင်းချသည့် ဆီးချိုရောဂါနှင့်သက်ဆိုင်သည့် Mixtard Insulin ဆေးများရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ရောင်းချခြင်းမရှိကြောင်းစိစစ်တွေ့ရှိရပါသည်။ ဆေးများကို Online မှတစ်ဆင့်ဝယ်ယူခြင်းမပြုဘဲ မန္တလေးမြို့ရှိဆေးဆိုင်များနှင့် ကုမ္ပဏီများမှတစ်ဆင့်ဝယ်ယူပြီး ပြန်လည်ရောင်းချကြောင်း ဆိုင်ပိုင်ရှင်များ၏ ပြောကြားချက်အရသိရှိရပါသည်။ စစ်ဆေးရေးအဖွဲ့က Cold-chan Product များအား ဆေးအာနိသင်မပျက်စီးစေရန်နှင့် လူနာများအတွက် အန္တရာယ်မဖြစ်စေရန် သတ်မှတ်ထားသည့် ထားသိုသိမ်းဆည်းပုံအညွှန်းများအတိုင်း မှန်ကန်စွာထားသိုရန်၊ တရားဝင်ဆေးဝါးမှတ်ပုံတင်ခွင့်ပြုအမှတ်ပါရှိသော ဆေးများကိုဝယ်ယူရောင်းချရန်ဆွေးနွေးပြောကြားခဲ့ပြီး Cold-chan Product များသိမ်းဆည်းထားရှိမှုအားစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Fook Hink Paper Packing Limited လှိုင်းတွန့်စက္ကူပုံးထုတ်လုပ်သည့် စက်ရုံသို့သွားရောက်ကွင်းဆင်းစစ်ဆေးခြင်း

   ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးအောင်တင်စိုး (ခရိုင်ဦးစီးမှူး) သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် အမှတ်(၂၅၉/၂၆၀)၊ ငမိုးရိပ်လမ်း၊ ဝါးတစ်ရာစက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်ရှိ Fook Hink Paper Packing Limited မှ လှိုင်းတွန့်စက္ကူပုံးထုတ်လုပ်သည့်  စက်ရုံပိုင်ရှင် Mr.Chen Gexing အား တွေ့ဆုံမေးမြန်းရာတွင် စက်ရုံ၌ လုပ်သားအင်အားအနေဖြင့် ကျား(၆၀)၊ မ(၆၀) ပေါင်း(၁၂၀)ဦးဖြင့် လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ ကုန်ကြမ်းများအသုံးပြု၍ လှိုင်းတွန့်စက္ကူပုံးများထုတ်လုပ်ကာ နိုင်ငံခြားသို့တင်ပို့သော ကုမ္ပဏီများအတွက် အဆင့်မြင့်စက္ကူဘူးများထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး တစ်လလျှင် နိုင်ငံခြားဖြစ် စက္ကူတန် (၅၀၀)၊ ပြည်တွင်းဖြစ် စက္ကူတန် (၅၀၀)အသုံးပြု၍ တစ်လလျှင် တန်(၁၀၀၀)စက္ကူပုံးထုတ်လုပ်ပါသည်။ ကုန်ကြမ်းအနေဖြင့် နိုင်ငံခြားဖြစ်စက္ကူ၊ ပြည်တွင်းဖြစ်စက္ကူ၊ ပုံနှိပ်မှင်၊ ကော်ရည်၊ ချုပ်ကလစ်တို့ကိုအသုံးပြုရပြီး ပြည်တွင်းဖြစ်စက္ကူနှင့် ကော်ရည်မှာ ပြည်တွင်း၌ဝယ်ယူရရှိပြီး နိုင်ငံခြားဖြစ်စက္ကူပုံနှိပ်မှင်နှင့် ချုပ်ကလစ်မှာ ပြည်ပမှ မှာယူခဲ့ရသည့်ပစ္စည်းများဖြစ်ပါသည်။ ကုန်ကြမ်းလက်ကျန်အနေဖြင့် နိုင်ငံခြားဖြစ်စက္ကူတန်(၅၀၀)၊ ပြည်တွင်းဖြစ်စက္ကူတန် (၁၀၀၀)၊ ပုံနှိပ်မှင်(၁)တန်ခန့်၊ ချုပ်ကလစ် တန်(၃၀)ခန့်သာကျန်ရှိ၍ ပြည်တွင်း၊ ပြည်ပမှ မှာယူရသောကုန်ကြမ်းမှာ (၁)လခန့်သာအသုံးပြုနိုင်ကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရသိရှိရပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ ဝန်ထမ်း(၃)ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်စိုးစန္ဒာကျော် (ဒု-ဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ ဦးကျော်သူရထွေး (လက်ထောက်အုပ်ချုပ်ရေးမှူး)ပါဝင်လျက် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးတွင် ၁၄-၆-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၁၀)နာရီအချိန်တွင် ဈေးတာဝန်ခံရုံး၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားသည့် ထုတ်ကုန်ပစ္စည်းများကိုသာဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း၊ မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများအပေါ် တာဝန်ယူရမည်ဖြစ်ကြောင်းနှင့် စားသုံးသူများနစ်နာမှုရှိလျှင်လည်း တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအားကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ ဝန်ထမ်း(၃)ဦးတို့သည် ၁၄-၆-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၂၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ စားသုံးဆီရောင်းချသောဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇင်မာအေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေါ်စိုးစန္ဒာကျော် (ဒု-ဦးစီးမှူး)၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးဌာနမှ ဦးကျော်သူရထွေး (လက်ထောက်အုပ်ချုပ်ရေးမှူး)နှင့် ပတ္တမြားဈေးမှ ဒု-တာဝန်ခံများပူးပေါင်းပါဝင်လျက် ရောနှောဆီများဖြစ်သော ရွှေနန်းထိုက်၊ ရွေတောင်၊ ရွှေရောင်းရင်းနှင့် လာဒ်ရွှင်အမှတ်တံဆိပ်များတွေ့ရှိရပြီး စားသုံးဆီအမျိုးမျိုးဖြစ်သော ရန်ကုန်၊ အမွေထွား၊ တော်ဝင်၊ Cook၊ Meizan၊ Louts၊ ရွှေအုံ၊ Sunar နှင့် Goody ဆီအမျိုးအစားအားလုံးတွင် အခန်း(၁၈)၌ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့်အချက်အလက်များ ပြည့်စုံစွာပါရှိ၍ အမှတ်တံဆိပ်မပြည့်စုံသော ကုန်ပစ္စည်းများကိုမရောင်းချကြရန် သတိပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

သတ်မှတ်ရည်ညွှန်းဈေးဖြင့် စက်သုံးဆီများရောင်းချမှုရှိ/မရှိစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၄-၆-၂၀၂၄ ရက်နေ့တွင် ဗိုလ်တထောင်ခရိုင်အတွင်းရှိ ၃၆၀ဒီဂရီ(စက်ဆန်း)  Star Hight (စက်ဆန်း)၊  New Day (စက်ဆန်း)၊  High Way  (မင်္ဂလာတောင်ညွန့်)၊ Max  (သိမ်ဖြူ)၊  Max (သာကေတ)၊  Max (ကမာကြည်) စသည့် စက်သုံးဆီဆိုင်အရောင်းဆိုင်များသို့သွားရောက်၍ စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိ၊ အချင်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချလျက်ရှိပြီး အချင်အတွယ်မှန်ကန်ကြောင်းစစ်ဆေးတွေ့ရှိရကြောင်း၊ စက်သုံးဆီလုပ်ငန်းရှင်အနေဖြင့် တရားမဝင်စက်သုံးဆီ၊ ချောဆီများတင်သွင်းဖြန့်ဖြုးရောင်းချနေခြင်းကိုစိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လတ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနကထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း အသိပေးပြောကြားခဲ့မှုကိုသိရှိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - HighLight News