Main menu

HighLight News

Powered by Drupal

ပန်းတနော်မြို့နယ် ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းရှင်များအား ‌ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး အသိပညာပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းစားအုန်း ဆီရောင်းချသည့် လုပ်ငန်းရှင်များကို ပန်းတနော်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီခွဲ စားအုန်းဆီရောင်းချမှု ဈေးနှုန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

          ပန်းတနော်မြို့နယ် စားအုန်းဆီ လက်ကား/လက်လီ ‌ရောင်းချသော လုပ်ငန်းရှင် ၂၅ဦး ကို မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်သက်က အသိပေးပြောကြားရှင်းလင်းရာ  မိမိတို့ ဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်အရည် အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ထိန်ကြောင်းဆောင်ရွက်လျက်ရှိပြီး FOBဈေးနှုန်းများကို စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ အခွန်အခ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညျွန်းဈေးနှုန်း အပတ်စဉ်ထုတ် ပေးလျက်ရှိရာ ရောင်းချသူလုပ်ငန်းရှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးကော်မတီများသို့ တင်ပြပြီး ဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းများကို အခါအားလျော်စွာ စောင့်ကြည်စစ်ဆေးသွားမည်ဖြစ်ကြောင်း  လုပ်ငန်းရှင်များကို အသိပေးရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိမရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အများပြည်သူသုံးစွဲရန်မသင့်သော စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံစေရန် တားမြစ်ထားသော တရားမဝင် စားသောက်ကုန် ပစ္စည်းများနှင့် လူသုံးကုန် ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များနှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၌   ကွင်းဆင်းစစ်ဆေးသည်။

       ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများ၊  မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ညောင်တုန်းမြို့နယ် ဘုရာလမ်းပေါ်ရှိတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များနှင့် လုပ်ငန်းသုံးပစ္စည်းဆိုင်များတွင် ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန် ပစ္စည်းများ ရောင်းချခြင်းရှိ/ မရှိ၊ တရားမဝင် လူသုံးကုန်ပစ္စည်းများ စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်ပြောကြားကာ တရားမဝင်ပစ္စည်းများ ရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို  လုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားရှင်းလင်းခဲ့ ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

ကလေးအဟာရ ဖြည့်စွပ်စာ DUMEX DUPRO အမှတ်တံဆိပ် အတုများ ပန်းတနော်ြမို့နယ် ဈေးကွက်အတွင်း ရောင်းချခြင်း ရှိမရှိ စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦး စီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၁-၉-၂၀၂၅ နေ့နံနက် ၁၀ နာရီအချိန်က ပန်းတနော်မြို့နယ် ရပ်ကွက် ကုန်စုံဆိုင်ကြီးများနှင့် ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ ဈေးကွက်အတွင်းနှင့် ကုန်စုံဆိုင်ကြီး များတွင် ရောင်းချနေသည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြ ထားခြင်း ရှိ/ မရှိ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ များ ဆောင်ရွက်ခဲ့ကြ သည်။ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ ကုန်အမှတ်တံဆိပ်များတွင် DUMEX DUPRO အမှတ်တံဆိပ်ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်တာဝန်ံခံများကို ကလေးအဧာ*ဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန်ကို လမ်းညွှန်မှာကြား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။

            ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်တွင် ဈေးကွက်အတွင်း DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာအတု များရောင်းချမှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

        မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဈေးကွက်အတွင်း Danone Specialized Nutrition (Thailand) မှ ထုတ်လုပ်သည့်  DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်အတွင်း အတုပြလုပ်ရောင်းချနေမှု ရှိ/ မရှိကို ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် ကုန်စုံဆိုင်ကြီးများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင်နှင့် ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး ညောင်တုန်းမြို့နယ် ကုန်စုံဆိုင်ကြီး ၆ဆိုင်တွင် ရောင်းချနေသော  DUMEX DUPRO အမှတ်တံဆိပ် ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့၇ှိရပြီး အခြားသော ကလေးဖြည့်စွပ်စာ အမှတ်တံဆိပ်များသာ ရောင်းချနေကြောင်းတွေ့ရှိရပြီး သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့စည်းများ၏ ထောက်ခံချက်ပါဝင်သော ကုန်စည်များသာရောင်းချနေကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များကို စီးပွားရေးလုပ်ငန်းရှင် တာဝန်များအကြောင်း အသိပေးရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းရှင်များအား ‌ဈေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေး အသိပညာပေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင် စားအုန်းဆီရောင်းချသည့် လုပ်ငန်းရှင်များကို မြို့နယ်ဦးစီးမှူးရုံးတွင် ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင် စားအုန်းဆီရောင်းချမှုဈေးနှုန်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

          စားအုန်းဆီ လက်ကား/ လက်လီ ‌ရောင်းချသော ညောင်တုန်းမြို့နယ်မှ လုပ်ငန်းရှင်များကို ညောင်တုန်း မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က အသိပေးပြောကြားရာ  မိမိတို့ ဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကိုဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး အတွက် ထိန်ကြောင်းဆောင်ရွက်လျက်ရှိပြီး FOBဈေးနှုန်းများကို စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ အခွန်အခ ထည့်သွင်းတွက်ချက်၍ ပြည်တါင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညျွန်းဈေးနှုန်း အပတ်စဉ်ထုတ်ပေးလျက်ရှိရာ ရောင်းချသူလုပ်ငန်း၇ှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေးကော်မတီများသို့ တင်ပြပြီး ဥပ‌ဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းရေကြည်မြို့နယ် အားကစား ခန်းမတွင်ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်

           ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ် အားကစားခန်းမတွင် ပြုလုပ်သည့် ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအနေဖြင့် နှစ်ပတ်တစ်ကြိမ်ကွင်းဆင်း၍  မြေပြင်လူဉီးရေစာရင်း မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အသက် (၁၈)နှစ်ပြည့်ပြီး လူဦးရေ ၃၆သိန်း ၆သောင်းကျော်ရှိပါကြောင်းနှင့် ၎င်းလူဦးရေစာရင်းကို အခြေခံ၍ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် ပြစ်မှုပြစ်ဒဏ်ခံနေရသူများ၊ သာသနာ့ဘောင်ဝင်ရောက် သူများကို တိုက်ဆိုင်စစ်ဆေးရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်များအနေဖြင့် မဲပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ်များမရှိပါက မဲပေးနိုင်မည်မဟုတ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများလက်ဝယ်ရောက်ရှိရန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မြေပဲ၊ နှမ်း၊ နေကြာ စသည့် ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ပဲပုတ်၊ ပဲကြီး ရောနှော၍ ဧက(၁)သိန်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်း ဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်း ဖွင့်လှစ်မှု အများဆုံး တိုင်းဒေသကြီး ဖြစ်ပြီး အခြေခံပညာကျောင်း (၇)ထောင်ကျော်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးစရိတ်ကာမိပြီး အကျိုးအမြတ်ရှိရန် စီမံဆောင်ရွက်ပေးနိုင်ရေးနှင့် Export Zoneများ ဖော်ဆောင်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း အမှာစကားပြောကြားသည်။

            ထို့နောက် တာဝန်ရှိသူများက လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားတစ်ဦးတွင် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ် များအား ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးမှုများ၊ အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီ နေရပ်စွန့်ခွာပြည်သူများအား  နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်မှုများနှင့် မသန်စွမ်း အသက်(၁၈)နှစ်ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများက အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေးနှင့် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့တွင် ‌ပြည်သူများအား ကျန်းမာရေးစောင့်‌ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေး

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတဆေးရုံအုပ်ကြီး ဦးဆောင်သော ဟင်္သာတပြည်သူ့ဆေးရုံကြီးမှ  အထွေထွေရောဂါကုသမားတော်၊ မျက်စိအထူးကုဆရာဝန်ကြီး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်း ရေးအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်တို့က လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင်  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ပါသည်။

            ဆက်လက်၍ ဆေးလာရောက်ကုသသည့် ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။ အထူးကုဆရာဝန်ကြီးများမှ ထိုသို့ကုသပေးခဲ့ရာတွင် အထွေထွေရောဂါကုသလူနာ(၁၀၈) ဦး၊ မျက်စိရောဂါကုသလူနာ(၂၃) ဦး၊ ကလေး လူနာ(၃၅) ဦး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးလူနာ (၄၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ (၁၈) ဦး စုစုပေါင်းလူနာ (၂၃၂) ဦးအား အခမဲ့ကုသပေးခဲ့ကြောင်း၊ ဆီးချိုစစ်ဆေးခြင်း (၁၉၇) ဦး၊ အီးစီဂျီ ရိုက်ခြင်း (၆၀) ဦး ပြုလုပ်ပေးခဲ့ပါကြောင်းနှင့် ဟင်္သာတပြည်သူဆေးရုံကြီးသို့ လူနာ (၈) ဦး ညွှန့်ပို့ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အကြမ်းဖက်ဖြစ်စဉ် များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမတွင် ပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင်ကျင်းပမည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးသည် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)ရှိနေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်တွင် သေချာပြန်လည်စစ်ဆေး၍  နိုင်ငံသားစိစစ်ရေးကတ်များကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ မသန်စွမ်းအသက် (၁၈)နှစ် ပြည့်ပြီးသူများကိုလည်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ အချိန်မီပြုလုပ်ပေးရန်လိုကြောင်း ” အမှာစကားပြောကြားသည်။

            ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဒေသများမှ အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအတွက်  ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများအနက် နိုင်ငံသားစိစစ်ရေးကတ် မရှိသော ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ပေးအပ်ခဲ့ကာ ယာယီနေရပ် စွန့်ခွာပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ရရှိရေး ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

            ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် ဓာတ်မြေဩဇာများ ဖြန့်ဖြူးသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများ အတွက် သွင်းအားစုများပံ့ပိုးပေးအပ်ရာတွင် ဓါတ်မြေသြဇာများ အချိန်မီရောက်ရှိရန်နှင့် တောင်သူများ လက်ဝယ် ရောက်ရှိရန် လိုအပ်ပါကြောင်း၊ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် တာဝန်ရှိသူများမှ မှတ်တမ်းထားရှိပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေဩဇာများအား အမှန်တကယ် ထည့်သွင်းသုံးစွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ Export Zone ဖော် ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများ၏ လူမှုအကျိုးစီးပွား တိုးတက်ကောင်းမွန်ရေး တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရန်လိုကြောင်း" အမှာစကားပြောကြားခဲ့သည်။

            ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းကိုယ်စား တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့် တောင်သူများအတွက် သွင်းအားစုများ ပံ့ပိုး ပေးအပ်မှု အခြေအနေများကိုလည်းကောင်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဓာတ်မြေဩဇာဖြန့်ဖြူး ရေးလုပ်ငန်းစဉ်များ၊ ဩဂုတ်လအတွက် ဓာတ်မြေ ဩဇာများရရှိဖြန့်ဝေမှု၊ တောင်သူများထံ ဓာတ်မြေဩဇာများ ဖြန့်ဖြူးပြီးစီးမှု၊ စက်တင်ဘာလ အတွက်ဓာတ်မြေဩဇာလိုအပ်ချက် တင်ပြ ထားရှိမှုနှင့် ဓာတ်မြေဩဇာဖိုးငွေများ ပြန်လည်ကောက်ခံမည့် အစီအစဉ်များကိုလည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာက ဓါတ်မြေသြဇာ ဖြန့်ဖြူးရောင်းချရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုက်ရိုက်ထုတ်ချေးမှုအစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုများနှင့်  အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေ ဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/သွင်းအားစုများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား တိုင်းစားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်

            ၂၀၂၅-၂၀၂၆ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀၀)ဘီလီယံဖြင့်  မိုးစပါးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်သည့် ဝယ်ကြိတ်/ သွင်းအားစုများနှင့်တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို (၁၉.၉.၂၀၂၅) နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်  စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ၊ ဝယ်ကြိတ်/ သွင်းအားစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

            ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုနှစ်တွင် သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၂ -၂၀၂၃ ခုနှစ်၊ နွေစပါးစိုက် ရာသီမှစ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆)ဘီလီယံရရှိခဲ့ပြီး နွေစပါးနှင့် ပဲတီစိမ်းစိုက်ပျိုးရန်အတွက် တောင်သူများထံသို့ သွင်းအားစုများထောက်ပံ့ပေးခဲ့ပါကြောင်း၊  သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစုအဖွဲ့များ၊ တောင်သူကြီးများ စသည့် Supply Chain တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး  ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ပေးခြင်းကြောင့် သွင်းအားစုများရရှိသည့် တောင်သူများအနေဖြင့် သွင်းအားစုနှင့် ညီမျှသည့် သီးနှံများပြန်လည်ပေးသွင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိုးစပါး(၁)ဧက တင်း(၁၀၀)ထွက်ရှိရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ အားလုံးပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ ပြည်ပသို့ဆန်တင်ပို့မှု၏ (၆၀)ရာခိုင်နှုန်းကျော်ကို တင်ပို့လျက်ရှိပါကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သည့် စိုက်တိုးမြှင့်အဖွဲ့များ၊ ဝယ်ကြိတ်/ သွင်းအားစုများနှင့် Exporter များအနေ ဖြင့်လည်း တိုင်းဒေသကြီး၏ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး၊ ဆန်စပါး အရည်အသွေးကောင်းမွန်ရေး၊ သွင်းအားစုများရရှိသည့် တောင်သူများအနေဖြင့် သွင်းအားစုနှင့် ညီမျှသည့် သီးနှံများ ပြန်လည် ပေးသွင်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း၊” အမှာစကားပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်းနှင့် စားသုံးသူရေးရာ တိုင်းဦးစီးမှူးက ဆန်စပါးထွက်ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခြင်းအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News