
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်မြို့နယ်နှင့် ကျောက်တန်း မြို့နယ်တို့ရှိ ဓာတ်မြေဩဇာရောင်းချသည့် ဆိုင်များအား ယူရီးယားဓာတ်မြေဩဇာ (အလုံးကြီး) နှင့် Di Ammonium Phosphate အခြေခံ(၁၅)ပတ်လည် ဓာတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်း ဈေးအပေါ် သယ်ယူစရိတ်အပါ အမြတ်ရာခိုင်နှုန်း(၈%)ထက်မပိုသော ဈေးနှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ သိရှိနိုင်ရန်အတွက် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်စိုက် ပျိုးရေးဦးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်မြေ စာရင်းဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်ရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဆိုင်များအား ယူရီးယားဓာတ်မြေဩဇာ (အလုံးကြီး) နှင့် Di Ammonium Phosphate အခြေခံ(၁၅)ပတ်လည် ဓာတ်မြေဩဇာများ သတ်မှတ်ရည်ညွှန်းဈေး အပေါ် သယ်ယူစရိတ်အပါ အမြတ်ရာခိုင်နှုန်း (၈%)ထက်မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချခြင်းပြုလုပ်ရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန််)
