Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဗီယက်နမ်စားသုံးသူများထံရောက်ရှိရန်ရှိသည့် ပိုလန်ဘလူးဘယ်ရီသီးများ

     ဥရောပသမဂ္ဂ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (EVFTA) အသက်ဝင်ပြီးနောက် ဗီယက်နမ်သည် ပိုလန်ထံမှ လတ်ဆတ်သောဘလူးဘယ်ရီသီးများ တရားဝင်တင်သွင်းရန် လိုင်စင်ရရှိခဲ့ပြီး နှစ်နိုင်ငံကြားစိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တွင် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ကြောင်း သိရပါသည်။ ပိုလန်ရှိဗီယက်နမ်ကုန်သွယ်ရေးရုံး၏အဆိုအရ ဗီယက်နမ်နှင့် ပိုလန်အစိုးရသည် ပိုမိုမျှတသောကုန်သွယ်ရေးဆက်ဆံမှုရရှိရန် စီမံချက်များ ချမှတ်ခဲ့ကြောင်း သိရပါသည်။ စီမံချက်များထဲမှ တစ်ခုသည် ပြည်တွင်းထုတ်လုပ်မှု ကိုတိုက် ရိုက်မယှဉ် ပြိုင်နိုင်သည့် စက်ပစ္စည်းများ၊ တပ်ဆင်ပစ္စည်းများကို တင်သွင်းမှုတိုးချဲ့ရန်ဖြစ်ကြောင်း သိရပါသည်။ ထိုမဟာဗျူဟာအရ ပိုလန်ရှိဗီယက်နမ်သံရုံးသည် ပိုလန်၏အရည်အသွေးမြင့် စိုက်ပျိုးရေး ထုတ်ကုန်များကို ဗီယက်နမ်စားသုံးသူများအတွက်တင်သွင်းရာတွင် လွယ်ကူချောမွေ့ စေရေး အတွက် နှစ်နိုင်ငံစလုံးမှစိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ၎င်းသည်အပြန်အလှန်ကုန်သွယ်ရေးဆက်နွယ်မှုအားကောင်းစေရုံသာမက ဗီယက်နမ် စားသုံးသူများအား ကျယ်ပြန့်သောသမပိုင်းဇုန်သစ်သီးများစားသုံးနိုင်ရန်နှင့် ပြည်တွင်း စားသုံးသူ များအကျိုးကျေးဇူးရရှိရန်အတွက် ပြည်ပရောင်းချသူများအကြား ယှဉ်ပြိုင်နိုင်စွမ်း အရှိန်မြှင့်တင် ပေးနိုင်ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် အသားတင်သွင်း ရန်လိုင်စင်ရရှိပြီး နောက် ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်အဖွဲ့သည် ပိုလန်ဘလူးဘယ်ရီစိုက်ခင်းများနှင့် ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများ အား စစ်ဆေးခဲ့ကြောင်း သိရပါသည်။ ကုန်သွယ်ရေးရုံးကဘလူးဘယ်ရီများ သည် ၎င်းတို့၏ ကောင်းမွန်သည့် အနံ့အရသာ၊ ဗီတာမင်ပါဝင်မှုမြင့်မားခြင်း၊ အရွယ်တင်နုပျိုခြင်းနှင့် ကယ်လိုရီပါဝင်မှုနည်းပါးခြင်း တို့ကြောင့် ဗီယက်နမ်တွင် လူကြိုက်များကျော်ကြားကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလော တွင် ရောင်းချမှုအကန့်အသတ်ရှိခြင်းနှင့် မြင့်မားသည့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တို့ ကြောင့် လတ်ဆတ်သောဘလူးဘယ်ရီသီးများသည် ဗီယက်နမ်တွင် တစ်ကီလိုဂရမ်လျှင် အမေရိ ကန်ဒေါ်လာ ၄၀ မှ ၆၀ ကြားဈေးနှုန်းရှိကြောင်း သိရပါသည်။ ပိုလန်ဘလူးဘယ်ရီသီးများဝင် ရောက်လာမှုသည် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်၊ ရွေးချယ်မှုများပြားရန်နှင့် ထိုကျန်းမာရေးအရ သင့်လျော်သောသစ်သီးကို ဗီယက်နမ် စားသုံးသူများပိုမိုစားသုံးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါ သည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

                                               

ဟင်းသီးဟင်းရွက်အစားအစာဈေးကွက်နှစ်စဉ် ၈.၁ ရာခိုင်နှုန်းကြီးထွားနေသည့်ဗီယက်နမ်

     ဗီယက်နမ်၏ ဟင်းသီးဟင်းရွက်အစားအစာဈေးကွက်သည်နှစ်စဉ်ပျမ်းမျှ ၈.၁ ရာခိုင်နှုန်း ကြီးထွားလျက်ရှိပြီး ၂၀၃၃ ခုနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၂၂၀.၅ သန်းရောက်ရှိရန် ခန့်မှန်းရကြောင်း ဈေးကွက်သုတေသနလုပ်ငန်း IMARC Group ၏ အဆိုအရ သိရပါသည်။ IMARC က သက်သက်လွတ်စားသုံးသူများသည် အခါအားလျော်စွာဖြစ်ပေါ်သည့် trend များတွင် ပေါ်ပေါက်လာကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ ဟင်းသီးဟင်းရွက်ထုတ်ကုန်များအတွက် ဝယ်လိုအားသည် Vu Lan ပွဲတော်၊ ဗုဒ္ဓမွေးနေ့ နှင့် ၁ ရက်နေ့နှင့် ၁၅ ရက်နေ့ကဲ့သို့သော Lunar ပြက္ကဒိန်နေ့များတွင် မြင့်တက်လာပြီး စူပါမားကတ်များနှင့် စားသောက်ဆိုင်များတွင် ရောင်းချရမှုမှာ သာမန်နေ့များနှင့် နှိုင်းယှဉ်ပါက ၁၅ မှ ၂၀ ရာခိုင်နှုန်းထိမြင့်တက်လာကြောင်း သိရပါသည်။ ဥပမာအနေဖြင့် Co-opmart တွင် ဝယ်လိုအားကိုဖြည့်စည်းရန်အတွက် ၂၀၂၅ ခုနှစ် ဗုဒ္ဓမွေးနေ့အတွင်း ဟင်းသီး ဟင်းရွက်ထုတ်ကုန် ကုန်လက်ကျန်မှာ ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ များပြား သည့်လူဦးရေ၊ အစိမ်းရောင်နေထိုင်မှုဦးတည်ရာကြီးထွားလာမှုနှင့် ကျန်းမာရေးဂရုစိုက်မှု မြင့်တက်လာမှုကြောင့် ဗီယက်နမ်၏ ဟင်းသီးဟင်းရွက်အစားအစာဈေးကွက်သည် ကောင်းမွန် သည့်အလားအလာကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ Saigon Co-op အစရှိသည့် ခေတ်မီ လက်လီရောင်းချသည့်လုပ်ငန်းများသည် ဗီယက်နမ်ဟင်းသီးဟင်းရွက်ထုတ်ကုန်များအတွက် ဈေးကွက်လမ်းကြောင်းတိုးချဲ့ရန်နှင့် ရောင်းချမှုတိုးချဲ့ရာတွင် အဓိကအခန်းကဏ္ဍကရပ်တည်နေကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်သွင်းရန် ချီလီလုပ်ငန်းများ စိတ်ဝင်စားမှုပြသ

     ချီလီနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာအစားအစာနှင့်ဝန်ဆောင်မှုပြပွဲအတွင်း ချီလီ လုပ်ငန်း ၆၀ ကျော်သည် ဗီယက်နမ်ထုတ်ကုန်များ အထူးသဖြင့် ဆန်၊ သစ်သီးခြောက်၊ ကော်ဖီ၊ အေးခဲထားသောပင်လယ်စာနှင့် အသင့်စားအစားအစာများကို တင်သွင်းရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိကျင်းပခဲ့ သည့် ထိုပွဲတော်သည် သွင်းကုန်လုပ်ငန်းရှင်များ၊ ဖြန့်ဖြူးသူများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ မှ ကိုယ်စားလှယ်များနှင့် တောင်အမေရိကအစားအစာနှင့် အဖျော်ယမကာလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ အကျယ် ၃၄၄၄၂ စတုရန်းမီတာနှင့် ပြခန်းပေါင်း ၁၄၀၀ ကျော်ပါဝင်သည့် ထိုပွဲတော်တွင် ထောင်ပေါင်းများစွာသောလုပ်ငန်းများက ထုတ်ကုန်များ၊ ပြုပြင်ထုတ်လုပ်သည့်နည်းပညာများနှင့် ထုတ်ပိုးမှုများကို ပြသခဲ့ကြပြီး B2B ချိတ်ဆက်ခြင်းနှင့် ဆွေးနွေးပွဲများကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည်လည်း ပြည်တွင်းလုပ်ငန်း ၅၀ ပတ်လည်က နိုင်ငံထွက်ထုတ်ကုန်များဖြင့် ခင်းကျင်းပြသခဲ့ကြောင်း သိရပါ သည်။ ပြသခဲ့သည့်ကုန်စည်များတွင် ဆန်၊ ကော်ဖီ၊ သစ်သီးခြောက်၊ သစ်သီးဖျော်ရည်၊ ဟင်းခတ် အမွှေးအကြိုင်များ၊ အသင့်စားအစားအစာများ၊ လက်မှုပစ္စည်းများ၊ မီးဖိုချောင် သုံးပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ချီလီနိုင်ငံအမျိုးသားအကောက်ခွန် ဝန်ဆောင်မှုထံမှ အချက်အလက်များအရ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင်နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁.၂၂ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၂၂.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ချီလီက ဗီယက်နမ်ထံမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုး တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၀၄ သန်းတန်ဖိုးတင်ပို့ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် လတ်တလောတွင် ချီလီ၏ ၁၂ ခုမြောက်အကြီးမားဆုံးသွင်းကုန် ဈေးကွက်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်၏အဓိက ပို့ကုန်များတွင် စက်ပစ္စည်းများ၊ ဖုန်းများ၊ ဖိနပ်၊ ကွန်ပြူတာများ၊ အဝတ်အထည်နှင့် ဆန်တို့ပါဝင် ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Samsung နှင့် SK Hynix ၏ ရှယ်ယာများ OpenAI နှင့် သဘောတူညီမှုအပြီးတွင် မြင့်တက်လျက်ရှိ

    ChatGPT ထုတ်လုပ်သူ၏ ဉာဏ်ရည်မြင့် AI ဒေတာစင်တာအား အထောက်အကူ ပြုရန်အတွက် OpenAI နှင့် သဘောတူညီမှု ရရှိအပြီးတွင် တောင်ကိုရီးယားနိုင်ငံ Samsung Electronics ကုမ္ပဏီ၏ ရှယ်ယာများသည် ၄.၇ ရာခိုင်နှုန်းခန့်၊ SK Hynix ၏ ရှယ်ယာများသည်လည်း ၁၂ ရာခိုင်နှုန်းခန့် စသဖြင့် အသီးအသီး မြင့်တက်လာခဲ့ကြောင်း သိရပါ သည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် ကြေညာခဲ့သော ပူပေါင်းဆောင်ရွက်မှုသည် လေးနှစ်အတွင် Samsumg ရှယ်ယာများကို အမြင့်ဆုံးအထိ ရောက်ရှိစေခဲ့ပြီး SK Hynix သည် ၎င်းတို့၏ စျေးကွက်အရင်းအနှီးကို ဒေါ်လာ ၃၇ ဘီလီယံခန့် ပေါင်းထည့်နိုင်ခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံတွင် AI အခြေခံအဆောက်အအုံ တည်ဆောက်ရန် သမ္မတ Donald Trump ၏ ဒေါ်လာ ၅၀၀ ဘီလီယံ Stargate ပုဂ္ဂလိက ကဏ္ဍ ပဏာမခြေလှမ်းတွင် ပါဝင်သည့် OpenAI သည် လျှပ်ကူးပစ္စည်းဝယ်ယူရေးတွင် Chipmaker ကုမ္ပဏီနှစ်ခုနှင့် ပူးပေါင်းကာ ဒေတာ စင်တာ ၂ ခုကို တောင်ကိုရီးယားနိုင်ငံတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဒေတာ စင်တာအသစ်များနှင့်အတူ တောင်ကိုရီးယားနိုင်ငံသည် အာရှတိုက်တွင် Ai အချက်အချာ နေရာတစ်ခုဖြစ်လာနိုင်ကြောင်း သိရပါသည်။ ကမ္ဘာလုံးဆိုင်ရာ AI အသုံးချမှု များပြားလာခြင်း ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ တင်ပို့မှုများ စက်တင်ဘာလတွင် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အောက်တိုဘာလတွင် အမေရိကန်နိုင်ငံနှင့် အကောက် ခွန် လျော့ချစေရန်နှင့် အပြန်အလှန်အနေဖြင့် အမေရိကန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ ၃၅၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန်အတွက် ကုန်သွယ်‌ရေးသဘောတူညီမှုများကို ပြုလုပ်ရန် မျှော်မှန်း လျက်ရှိကြောင်း သိရပါသည်။

Source: CNA                                                                             

DOCA (ရန်ကုန်)

                                     

WTO နှင့် ငါးလုပ်ငန်းဆိုင်ရာထောက်ပံ့မှု သဘောတူညီချက်ကို ထိရောက်စွာ အ‌ကောင်အထည်ဖော် ဆောင်ရွက်တော့မည့် ဖိလစ်ပိုင်နိုင်ငံ

       ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) နှင့်အတူ ငါးလုပ်ငန်းဆိုင်ရာ ထောက်ပံ့မှုကို သဘောတူညီချက်ကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ၎င်း၏ ကတိကဝတ်ကို ပြန်လည်အတည် ပြုလိုက်ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှု သည် ငါးအလွန်အကျွံ ဖမ်းဆီး ခြင်းနှင့် ရေအရင်းအမြစ်လျော့ပါးခြင်းကို ထိန်းချုပ်စေနိုင်မည့် သမိုင်းတွင် ငါးလုပ်ငန်းဆိုင် ရာထေက်ပံ့မှုဖြစ်ကြောင်း သိရပါသည်။ လူသန်းပေါင်း ၁၁၅ သန်း ကျော်နေထိုင်သော ကျွန်းစုနိုင်ငံတစ်ခုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသားများသည် ၎င်းတို့၏ အစား အစာနှင့် အသက်မွေးဝမ်း‌ကျောင်းကို ငါးလုပ်ငန်းအပေါ်တွင်မှီခိုလျက်ရှိပြီး အဆိုပါ မှတ်တိုင်သည် ၎င်းတို့အတွက် အလွန်အရေးပါကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုသည် ရေသတ္တဝါမျိုး ကွဲများ၏ လုံခြုံရေး၊ အစားအသောက်ဖူလုံမှု နှင့် ၎င်းတို့အသက် မွေးဝမ်းကျောင်း အထူးသဖြင့် ကမ်းရိုးတန်းဒေသတွင် ငါးဖမ်းလုပ်ကိုင်လျက်ရှိသော အလုပ်များအတွက် ကာကွယ်ရာ ရောက် ကြောင်း သိရပါသည်။ WTO က အဆိုပါ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက် ရန်အတွက် နည်းပညာဆိုင်ရာ အထောက်အကူနှင့် သိုလှောင်ရုံများ တည်ဆောက်မှုများဖြင့် ထောက်ပံ့ပေးရန်အတွက် ရန်ပုံငွေများ စတင်မတည်ပြီး ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ သဘောတူညီချက်တွင် စီမံကိန်း ၂ ခုပါဝင်ပြီး ပထမ အာမခံ စီမံကိန်းတွင် ရန်ပုံ‌ငွေပေါင်း အမေရိ ကန် ဒေါ်လာ ၅၀၀၀၀ ခန့် ထားရှိမည်ဖြစ်ပြီး ဒုတိယ အာမခံ စီမံကိန်းတွင် ရန်ပုံငွေပေါင်း အမေရိကန်ဒေါ်လာ ၃၀၀၀၀ ခန့် ထားရှိမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ယန္တရားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲသော ကမ်းရိုးတန်းစီမံခန့်ခွဲမှုများကို အဆင့် မြှင့်တင် နိုင်မည်ဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက်ရှိ ငါးဖမ်းလုပ်သားများအတွက် ကောင်းမွန်သော အကျိုး ခံစားခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံက အဆိုပါ သဘောတူညီမှုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းအရင်း အမြစ် တည်တံ့နိုင်ရေး လုပ်ဆောင်မှုကို သန်မာလာစေမည်ဖြစ်ပြီး ကမ်းရိုးအသိုက်အဝန်း၏ အနာဂတ်အတွက် ပိုမိုသေချာမှုများ ရရှိစေမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manuel A.J Teehankee က WTO နှင့် သဘောတူညီမှု ရရှိခြင်း အပေါ် ကြိုဆိုလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ ဖွံ့ဖြိုး တိုးတက်‌ရေးအတွက် အထောက်အကူဖြစ်စေမည့် ငါးလုပ်ငန်းရန်ပုံငွေများ တည်ဆောက် မှုကို ကြို ဆိုလျက်ရှိကြောင်း သိရပါသည်။

Source: Philstar                                                                        

DOCA (ရန်ကုန်)

                                               

အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ပပို့ကုန်များ တင်ပို့မှု ကျဆင်းလျက်ရှိ

    အင်ဒိုနီးရှားနိုင်ငံသည် သြဂုတ်လအထိ ၅ လဆက်တိုက် ၎င်း၏ ပြည်ပပို့ကုန်များသည် ဆက်လက်ကျဆင်းလျက်ရှိကြောင်း အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။  ထို့အပြင် အင်ဒိုနီးရှားနိုင်ငံသည် အမေရိကန်သမ္မတ Donald Trump ၏ အကောက်ခွန် စည်းကြပ်မှု အပြီးတွင် အမေရိကန်နိုင်ငံနှင့် ပူးပေါင်း ကုန်သွယ်ရေးစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ပြည်ပပို့ကုန်များသည် သြဂုတ်လတွင် ၅.၇၈ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး ယခင်နှစ်အစောပိုင်းထက် အမေရိကန်ဒေါ်လာ ၂၄.၉၆ ဘီလီယံ ခန့် ၅.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းလျက်ရှိပါသည်။ တင်ပို့သူများက အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်မှုကို ခံနိုင်ရန်အတွက် ကြိုတင်ကုန် ပို့ဆောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဂျာကာတာမြို့၏ အဓိကပြည်ပတင်ပို့သည့် စျေးကွက် ဖြစ်သည့် အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံရှိ ထုတ်ကုန်များအပေါ် အခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံရန်ချမှတ်လိုက်ကြောင်း သိရပါသည်။ သြဂုတ်လတွင် အင်ဒိုနီးရှားနိုင်ငံသည် အမေရိန်ကန်ဒေါ်လာ ၁၉.၄၇ ဘီလီယံခန့် တင်သွင်းခဲ့ပြီး ယခင်နှစ်အစောပိုင်းကာလထက် ၆.၅၆ ရာခိုင်နှုန်းခန့် ကျဆင်းလာကြောင်း သိရပါသည်။ ကုန်သွယ်ရေးပိုငွေသည် သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံခန့်ရောက်ရှိခဲ့ပြီး ခန့်မှန်းငွေထက် အမေရိကန်ဒေါ်လာ ၄.၀ ဘီလီယံခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ စာရင်းအင်းဌာနသည် အောက်တိုဘာလ ၁ ရက်နေ့တွင် ငွေကြေးကျဆင်းမှု အချက်အလက်များနှင့် တစ်ခြားသော စီးပွားရေးအညွှန်းများကို ထုတ်ပြန်ကြေညာခဲ့ပါသည်။

Source: CNA                                                                             

DOCA (ရန်ကုန်)

                                     

VPBank Securities သည် ယခုလတွင် IPO ၌ အမေရိကန်ဒေါ်လာ ၄၈၁ သန်းခန့် မြှင့်တင်ရန် ရည်မှန်းလျက်ရှိ

   Vietnam Prosperity Bank မှ ပိုင်ဆိုင်သော စတော့ပွဲစားကုမ္ပဏီ VPBank Securities သည် ယခုလနောင်းပိုင်းတွင် ကနဦးအများပြည်သူကမ်းလှမ်းမှုတစ်ခု၌ အမေရိကန်ဒေါ်လာ ၄၈၁ သန်းခန့် မြှင့်တင်ရန် ရည်မှန်းထားကြောင်း အဆိုပါဘဏ်က အောက်တိုဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ VPBank Securities သည် IPO တွင် ရှယ်ယာပေါင်း ၃၇၅ သန်းခန့် ၂၅ ရာခိုင်နှုန်းအား ပေးဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ ကမ်းလှမ်းမှု ကို ရှယ်ယာ တန်ဖိုးတစ်ခုလျှင် ဒေါင် ၃၃၉၀၀ နှင့်အတူ အောက်တိုဘာလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။ ရှယ်ယာအစု အဝေးတစ်ခု၊ စည်းမျဥ်း အပြောင်းအလဲများနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်ညွှန်းကိန်းပံ့ပိုးသူများမှ ရင်းနှီး မြှုပ်နှံမှု အခြေအနေ အဆင့် မြှင့်တက်မှု အလားအလာအပေါ် စိတ်ဝင်စားမှုများ မြင့်တက်ခြင်းကြောင့် ဗီယက်နမ်ရှိ IPO တွင် ရှယ်ယာကမ်းလှမ်းချက်များ များပြားလျက်ရှိ ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး လုံခြုုံရေး ကုမ္ပဏီဖြစ်သည့် VPS Securities သည် IPO တွင် အမေရိန်ကန်ဒေါ်လာ ၂၀၂.၃ သန်းခန့်ကမ်းလှမ်းရန် စီမံထားကြောင်း သိရပါ သည်။

Source: CNA                                                                             

DOCA (ရန်ကုန်)

OpenAI ၏ ပထမနှစ်ဝက်ဝင်ငွေများ အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံခန့် ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာ

 

          OpenAI သည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အမေရိန်ဒေါ်လာ ၄.၃ဘီလီယံခန့် ဝင်ငွေ များ ရရှိခဲ့ပြီး တစ်နှစ်ပတ်လုံးဝင်‌ငွေ ၁၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ရှယ်ယာရှင်များ၏ ငွေစာရင်းရှင်တမ်း ထုတ်ဖော်ကြေညာချက်များအရ သိရပါသည်။ OpenAI က ၎င်း၏ လုပ်ငန်းဝင် ငွေများကို သုတေသနလုပ်ငန်းများနှင့် လူလုပ်အသိဉာဏ် AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် ChatGPT လည်ပတ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း သိရပါသည်။ သုတေ သနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းသည် ပထမနှစ်ဝက်တွင် ChatGPT ထုတ်လုပ်သူအား ဒေါ်လာ ၆.၇ ဘီလီယံခန့် ကုန်ကျခဲ့ကြောင်း အစီရင်ခံစာတင်ခဲ့ပါသည်။ ၎င်းသည် ငွေသားနှင့် အာမခံငွေ ဒေါ်လာ ၁၇.၅ ဘီလီယံခန့် ရှိကြောင်း သိရပါသည်။ OpenAI သည် ၎င်း၏ ယခုနှစ် တစ်နှစ် ပတ်လုံး စာဝင်ငွေကို အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံခန့် ရရှိရန်မျှော်မှန်းလျက်ရှိပြီး လုပ်ငန်း အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈.၅ ဘီလီယံခန့် သုံးစွဲမည်ဖြစ်ကြောင်း အစီရင် ခံစာများအရ သိရပါသည်။ သြဂုတ်လတွင် Reuter သတင်းဌာနမှ ထုတ်ပြန်ချက်များအရ OpenAI ၏ ရှယ်ယာ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံခန့် ရှိနေပြီ ဖြစ်ကြောင်း သိရပါသည်။ Nividia ကုမ္ပဏီက ပြီးခဲ့ သောအပတ်တွင် ၎င်းတို့အနေဖြင့် OpenAI တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံခန့် ရင်းနှီးမှု များ တိုးချဲ့ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

                                     

တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း ၇.၄ ရာခိုင်နှုန်း တိုးတက်

     တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဝန်ဆောင်မှုသည် ယခုနှစ် ပထမ ၈ လအတွင်းတွင် တည်ငြိမ် သော တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်ပမာဏသည် ယွမ် ၅.၂၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၃၉ ဘီလီယံခန့်) ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် ၇.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

          အထူသဖြင့် ဝန်ဆောင်မှုပို့ကုန်များသည် ၁၄.၇ ရာခိုင်နှုန်း တိုးတက်လာပြီး ယွမ် ၂.၃ ထရီ လီယံပို့ ရောက်ရှိခဲ့ပါသည်။ သွင်းကုန်များသည် ၂.၃ ရာခိုင်နှုန်းတိုးတက်လာပြီး ယွမ် ၂.၉၅ ထရီလီ ယံသို့ ရောက်ရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။ ဝန်ဆောင်မှု ကုန်သွယ်မှု လိုငွေသည် ယခင်နှစ် အလာတူကာလနှင့် နှိုင်းယှဉ်ပါက ယွမ် ၂၂၈ ဘီလီယံ လျော့ ကျခဲ့ပါသည်။

          ပညာရေးဝန်ဆောင်မှုများသည် ကုန်သွယ်မှုတွင် ဆက်လက်တိုးတက်လျက်ရှိပြီး သွင်းကုန် နှင့် ပို့ကုန် စုစုပေါင်းသည် ယွမ် ၂.၀၃ ထရီလီယံထိ ရောက်ရှိခဲ့ရာ ယခင်နှစ်ထက် ၆.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          ခရီးသွားဝန်ဆောင်မှု ကုန်သွယ်မှုစုစုပေါင်းသည် ယွမ် ၁.၄၅ ထရီလီယံရှိခဲ့ပြီး ယခင်နှစ် ထက် ၈.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ၄င်းတွင် ခရီသွားဝန်ဆောင်မှု ပို့ကုန်များသည် ၅၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

 DOCA (ရန်ကုန်)

ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၅ ရာခိုင်နှုန်းတိုးတက်

       ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၅.၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ၄.၆ ရာခိုင်းနှုန်းမှ တိုးတက်လာကြောင်း ကင်ညာ အမျိုးသားစာရင်းအင်းဌာန (KNBS) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ထိုသို့ တိုးတက်မှုသည် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး၊ လျှပ်စစ်နှင့် ရေ‌ပေးဝေ ရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြင့်တက်မှုကြောင့် ဖြစ်ကြောင်း KNBS ကပြောကြားခဲ့ပါသည်။

          သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍသည် ယခင်နှစ်က ၃.၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ် ပါက ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ မီးရထားပြေးဆွဲမှုနှင့် ဆိပ်ကမ်း ကုန်စည်စီးဆင်းမှု တိုးတက်လာမှုတို့က အထောက်အပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ လျှပ်စစ်နှင့် ရေပေးဝေမှုသည် ၁.၂ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်သို့ တိုးတက်ခဲ့ပါသည်။ ဘဏ္ဍာရေး နှင့် အာမခံလုပ်ငန်းများသည် ၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှတ်တမ်း တင်ခဲ့ သည့် ၈.၀ ရာခိုင်နှုန်းထက် တိုးတက်မှု နှေးကွေးသွားခဲ့သည်။

          ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် ယခုသုံးလပတ်တွင် ၁.၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ယခင်နှစ် ၃.၂ ရာခိုင်နှုန်းထက် ကျဆင်းခဲ့သည်။၄င်းကျဆင်းမှုသည် အစားအစာ၊ အဖျော်ယမကာ နှင့် အထည်အလိပ်ထုတ်လုပ်မှု ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း KNBS က ထုတ်ပြန်ထားပါ သည်။

          သုံးလပတ်အတွင်း ပျှမ်းမျှငွေကြေးဖောင်းပွမှု လျော့ကျခဲ့ကြောင်း၊ အဓိကအားဖြင့် စားသောက်ကုန်နှင့် အဖျော်ရည်ဈေးနှုန်းများ လျော့ကျခဲ့ခြင်းကြောင့် စီးပွားရေးတိုးတက်မှု အတွက် အထောက်အကူပြုခဲ့ကြောင်း KNBS က ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ