Main menu

အင်ဒိုနီးရှားနိုင်ငံသည် တရားမဝင်ဆေးရွက်ကြီးကုန်သွယ်မှုကို ထိန်းချုပ်ရန် စီးကရက်အခွန်အသစ်တစ်ရပ် ထပ်မံကောက်ခံရန်စီစဉ်နေ

Powered by Drupal

       အင်ဒိုနီးရှားအစိုးရသည် တရားမဝင်ဆေးရွက်ကြီးဖြန့်ဖြူးမှုကို ထိန်းချုပ်ရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၂၆ ခုနှစ်တွင် စီးကရက်အခွန်စည်းကြပ်မှုဖွဲ့စည်းပုံတွင်  အခွန်စည်းမျဉ်းသစ် ထပ်မံထည့်သွင်းရန် စီစဉ်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။

       တရားမဝင် စီးကရက်ထုတ်လုပ်သူများအနေဖြင့် တရားဝင်ဈေးကွက်သို့ ရွှေ့ပြောင်းပြီး ၎င်းတို့၏ အခွန်တာဝန်များကို ပေးဆောင်နိုင်ရန် ရည်ရွယ်သည့် မူဝါဒဖြစ်ကြောင်း Purbaya က ပြောကြားခဲ့သည်။

     စည်းမျဉ်းသစ် အသက်ဝင်ပြီးနောက် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဆက်လက်ရှောင်တိမ်းနေသော စီးပွားရေးလုပ်ငန်းများအပေါ် တင်းကျပ်သော အရေးယူမှုများချမှတ်မည်ဟု ဘဏ္ဍာရေးဝန်ကြီးက သတိပေးခဲ့သည်။

        အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စီးကရက်အခွန်ကောက်ခံမှုဖွဲ့စည်းပုံကို နှစ်ပေါင်းများစွာ ရိုးရှင်းအောင်ပြုလုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် အဆင့် ၁၉ ဆင့် မှ ၂၀၂၂ ခုနှစ်တွင် ၈ ခုအထိ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)