Main menu

ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

သြစတေးလျနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဒုတိယလပတ်အတွင်း GDP တိုးတက်မှု ၀.၆ ရာခိုင်နှုန်းရှိလာ

     သြစတေးလျနိုင်ငံ၏ ၂၀၂၅ ခုနှစ် ဒုတိယလပတ် စီးပွားရေးတိုးတက်မှုနှုူန်းသည် ၀.၆ ရာခိုင် နှုန်းသို့ အရှိန်မြင့်တက်လာကြောင်း စက်တင်ဘာ ၂ ရက်နေ့ တရားဝင်အချက်အလက်များအရသိရ သည်။

     သြစတေးလျနိုင်ငံစာရင်းအင်းဗျူရို (ABS) မှ စာရင်းကိန်းဂဏန်းများအရ သြစတေးလျ ပြည်တွင်းအသားတင်ထုတ်ကုန် GDP သည် ဧပြီလမှ စ၍ ဇွန်လ အဆုံးထိရှိသော ဒုတိယ သုံးလပတ်တွင် ၀.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ်က ၀.၃ ရာခိုင် နှုန်း မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်၏ ပထမသုံးလပတ်က ၀.၃ ရာခိုင်နှုန်းထက်မြင့်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

      နှစ်စဉ်အခြေခံအားဖြင့် GDP သည် ၁.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခုနှစ် မတ်လက ရှိခဲ့ သော ၁.၄ ရာခိုင်နှုန်းမှ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ABS သည် ပထမသုံးလပတ် ၏ GDP တိုးတက်မှုနှုန်း ၀.၂ ရာခိုင်နှုန်းကို အစီအရင်ခံတင်ပြခဲ့သော်လည်း စက်တင်ဘာ ၃ ရက်နေ့ တွင် ၀.၃ ရာခိုင်နှုန်းသို့ ပြန်လည်ပြင်ဆင်ခဲ့ကြောင်းသိရသည်။

Source : Xinhua                                                                             

    DOCA (ရန်ကုန်)

LNG တင်သွင်းမှုအား တစ်နှစ်လျှင် တန်ချိန် ၆၆.၇ သန်းသို့ ၂၇ ရာခိုင်နှုန်း အထိတိုးမြင့်သွားမည့် အိန္ဒိယနိုင်ငံ

    အိန္ဒိယနိုင်ငံသည် ၎င်း၏ သဘာဝဓာတ်‌‌ငွေ့ရည် (LNG) တင်သွင်းမှု ပမာဏကို ၂၀၃၀ ခုနှစ် တွင် တစ်နှစ်လျှင် မတ်ထရစ်တန်ချိန် ၆၆.၇ သန်းအထိ ၂၇ ရာခိုင်နှုန်းမြှင့်တင်ရန် စီစဉ်လျက်ရှိ ကြောင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး Hardeep Singh Puri က စက်တင်ဘာ ၂ ရက်နေ့တွင် တင်ခဲ့သော လူမှုမီဒီယာပိုစ်တစ်ခုအရ သိရသည်။ လက်ရှိတွင် အိန္ဒိယ နိုင်ငံသည် တစ်နှစ်လျှင်တန်ချိန် ၅၂.၇ သန်းပေါင်းစပ်ထုတ်လုပ်နိုင်သော LNG စက် ၈ လုံးဖြင့် ကမ္ဘာ့စတုတ္တအကြီးဆုံး LNG တင်သွင်းသူဖြစ်လာခဲ့သည်။ ၎င်း၏ ပိုစ်တွင် Puri သည် အိန္ဒိယနိုင်ငံ တွင် လက်ရှိလည်ပတ်နေသော LNG ဖြန့်ဖြူးရေးစခန်း ၁၃ ခုအပြင် ဒီဇင်ဘာလတွင် နောက်ထပ် LNG ဖြန့်ဖြူးရေးစခန်းပေါင်း ၄၉ ခု ရှိလာစေရန် မျှော်မှန်းထားပြီး ၎င်း၏ LNG ဖြန့်ဖြူးရေးစခန်း များတွင် အသုံးပြုသည့်ကားများအား အစီးရေ ၁၀၀၀ အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။

Source : Xinhua                                                                               

  DOCA (ရန်ကုန်)

 

၁၄ နှစ်အတွင်းပထမဆုံးရေနံစိမ်းအားတင်ပို့ခဲ့သော ဆီးရီးယားနိုင်ငံ

    လွန်ခဲ့သည့် ဆယ်နှစ်ခွဲကျော်ကြာ စစ်မက်ဖြစ်ပွားနေသော နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု များကို ဇွန်လတွင် ရုပ်သိမ်းပြီးနောက် ၁၄ နှစ်အတွင်း ဆီးရီးယားသည် ၎င်း၏ ပထမဆုံးသော ရေနံစိမ်းကို တင်ပို့ရောင်းချခဲ့သည်။ ဆီးရီးယားစွမ်းအင်ဝန်ကြီးဌာနမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Riyad al-Joubasi နှင့် ဆက်စပ်လျက်ရှိသော B Serve Energy ထံသို့ ကုန်ပစ္စည်းများရောင်းချရန် သဘောတူညီချက်အရ ဆီးရီးယားနိုင်ငံမှ စက်တင်ဘာ ၁ ရက်နေ့တွင် ရေနံစိမ်းစည်ပေါင်း ၆၀၀၀၀၀ တင်ပို့ ခဲ့ကြောင်း ၊ ဆီးရီးယားတွင် ၁၄ နှစ်ကြာ ပြည်တွင်းစစ်နှင့် ရော့စီစစ်ပွဲများကြောင့် တရားဝင်ရေနံတင်ပို့မှုကို ရပ်တန့်ခဲ့ပြီး အရေးကြီးသော အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်းသိရသည်။ စစ်မဖြစ်မီက ဆီးရီးယားသည် တစ်နေ့ လျှင် ရေနံစည်ပေါင်း ၃၈၀,၀၀၀ (bpd) တင်ပို့ခဲ့သည်။ ဆီးရီးယားခေါင်းဆောင် Bashar al-Assad သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဖြုတ်ချခံခဲ့ရပြီး ၎င်းနေရာကို ဆက်ခံသော အစ္စလာမ္မစ် ဦးဆောင်သော အစိုးရသည် နိုင်ငံကို ပြန်လည်ထူထောင်ရန်နှင့် ၎င်း၏စီးပွားရေးကို ပြန်လည် ရှင်သန်စေမည်ဟု ကတိပြုခဲ့သည်။ စီးပွားရေးကို မြှင့်တင်ရန် နည်းလမ်းတစ်ခုမှာ ရေနံထုတ်လုပ် မှုနှင့် ပို့ကုန်များ ပြန်လည်ရရှိရေးဖြစ်သည်။ ၁၄ နှစ်ကြာပြည်တွင်းစစ်အတွင်း အရှေ့မြောက်ဘက် တွင် အများစုနေထိုင်သော ဆီးရီးယာရှိ ရေနံမြေများသည် အကြိမ်ပေါင်းများစွာ လက်ပြောင်းခဲ့ သည်။ အရှေ့မြောက်နယ်မြေကို ကာ့ဒ်ဦးဆောင်သော အာဏာပိုင်များက ချုပ်ကိုင်ထားသည်။ ကာ့ဒ်များသည် ဖေဖော်ဝါရီတွင် ဆီးရီးယားဗဟိုအစိုးရထံ ရေနံစိမ်းများ စတင်ထောက်ပံ့ခဲ့သည်။ ထို့နောက် ဇွန်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုင်ငံ၏တည်ငြိမ်ရေးနှင့် ငြိမ်းချမ်း ရေးလမ်းစဉ်ကို ပံ့ပိုးပေးရန်အတွက် ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအစီအစဉ်ကို ရပ်ဆိုင်းရန်  အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါအမိန့်သည် ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားခဲ့သော်လည်း Bashar al-Assad (ရုရှားတွင် ခိုလှုံခွင့်ရသည်ဟု ယူဆရသော)၊ ၎င်း၏လုပ်ဖော်ကိုင်ဖက်များ၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ၊ ဓာတုလက်နက်ဆိုင်ရာ လှုပ်ရှားမှုများ၊ ISIS သို့မဟုတ် ယင်း၏ လုပ်ငန်းခွဲများနှင့် အီရန် proxies များအပေါ် ပိတ်ဆို့အရေးယူမှုများ ဆက်လက် ထားရှိခဲ့သည်။ Baker Hughes၊ Hunt Energy နှင့် Argent LNG တို့သည် ဆီးရီးယားနိုင်ငံ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ကဏ္ဍအတွက် ပင်မစီမံကိန်းကို ရေးဆွဲမည်ဖြစ်ကြောင်း Argent LNG အမှုဆောင်အရာရှိချုပ် Jonathan Bass က ဇူလိုင်လတွင်  Reuters သို့ ပြောကြားခဲ့သည်။

Source : Nationthailand                                                                    

DOCA (ရန်ကုန်)

 

၂၀၂၅ ဇန်နဝါရီမှ သြဂုတ်လအတွင်း အစ္စရေးနိုင်ငံလျှပ်စစ်ကားရောင်းချမှုတွင် တရုတ်အမှတ် တံဆိပ်များမှဦးဆောင်လျက်ရှိ

     တရုတ်ကားထုတ်လုပ်သူ BYD Auto သည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း အစ္စရေးတွင် လျှပ်စစ်ကားရောင်းချမှုကို ဦးဆောင်ခဲ့ကြောင်း Israel Vehicle Importers Association မှ စက်တင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။ BYD သည် ၎င်း၏ subcompact crossover Atto 3 နှင့် အလယ်အလတ်တန်းစား SUV Seal U တို့ဖြင့် ဇန်နဝါရီမှ သြဂုတ်လအတွင်း အစီးရေ ၅၉၁၂ စီးရောင်းချခဲ့ရကြောင်းသိရသည်။ တရုတ်မော်တော်ကား ထုတ်လုပ်သူ Xpeng Motor သည် ထိုမော်ဒယ်သုံးမျိုးလုံးတွင် အစီးရေ ၅,၀၇၆ စီး ရောင်းချခဲ့ရပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ အခြားတရုတ်ကားထုတ်လုပ်သူ Chery သည် လျှပ်စစ်ကား အစီးရေ ၄၀၉၇ စီး ရောင်းချခဲ့ရပြီး တတိယနေရာတွင် ရပ်တည်နေကာ Geely မှ အစီးရေ ၂၅၄၅ စီးနှင့် US ထုတ်လုပ်သူ Tesla က ၂၃၄၇ စီးဖြင့် ရပ်တည်နေသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ်အမှတ်တံဆိပ်များရောင်းချမှုသည် အစ္စရေး လျှပ်စစ်ကားရောင်းချမှုအားလုံး၏ ၈၁.၁ ရာခိုင် နှုန်း နှင့် လျှပ်စစ်ကား ရောင်းချမှု စုစုပေါင်း၏ ၃၀၇၂၅ စီး ရှိကြောင်းသိရသည်။ လျှပ်စစ်ကား ကဏ္ဍကို ဦးဆောင်သည့်အပြင်၊ တရုတ်ကားထုတ်လုပ်သူများသည် ဤကာလအတွင်း ခရီးသည် တင်ကား တင်သွင်းမှု၏ ရှယ်ယာအများဆုံးကို ပိုင်ဆိုင်ထားသည်။ ဇန်နဝါရီမှ သြဂုတ်လအထိ အစ္စရေးတွင် ဓာတ်ဆီသုံးနှင့် လျှပ်စစ်စွမ်းအင်သုံး ကားစုစုပေါင်း ၆၅,၈၃၄ စီးကို အစ္စရေးတွင် ရောင်းချခဲ့ရကြောင်းသိရသည်။ ကိန်းဂဏန်းများအရ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် ရှစ်လ တာအတွင်း အစ္စရေး၏ ဒုတိယနှင့် တတိယအကြီးဆုံး ကားတင်သွင်းသည့်ရင်းမြစ်များအဖြစ် အသီးသီးရပ်တည်လျ

ရုရှား၏ ကားသစ်ရောင်းအားသည် ၂၀၂၅ ခုနှစ် ပထမ ၈ လတွင် ၂၅ ရာခိုင်နှုန်း ကျဆင်းခဲ့

      ရုရှားစက်မှုလက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ စက်တင်ဘာ ၂ ရက် နေ့တွင် နိုင်ငံတွင်း ကားသစ်ရောင်းအားသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ဝန်ကြီးဌာန၏ အဆိုအရ ရုရှားနိုင်ငံ၌ ကားသစ် ရောင်းချမှုသည် ခရီးသည်တင်ကားများ၊ အပေါ့စားလုပ်ငန်းသုံးယာဉ်များ (LCVs)၊ ထရပ်ကားများ နှင့် ဘတ်စ်ကားများအပါအဝင် စုစုပေါင်းကားအစီးရေ ၈၇၇,၆၀၀ စီး ရောင်းချခဲ့ရပြီး ပြည်တွင်း၌ ကားသစ်ရောင်းချမှုမှာ အစီးရေ ၄၈၃,၀၀၀ မှ ၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။ အထူးသဖြင့် ခရီးသည်တင်ကားရောင်းအား ၂၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၇၆၈၂၀၀ မှ LCV ရောင်းအား ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ထရပ်ကားနှင့် ဘတ်စ်ကားရောင်းအားမှာ ၅၆ ရာခိုင်နှုန်းမှ ၃၅,၉၆၀ စီးနှင့် ၄၉ ရာခိုင်နှုန်းမှ အစီးရေ ၇,၀၀၀ အသီးသီး ကျဆင်းသွားခြင်း ဖြစ်ကြောင်းသိရသည်။ ဩဂုတ်လတစ်ရက်တည်းတွင်ပင် မော်တော် ယာဉ်သစ်ရောင်းအားမှာ တစ်နှစ်ထက်တစ်နှစ် ၂၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး အစီးရေ ၁၃၅,၅၀၀ ရှိခဲ့သည်။ သို့သော် လစဉ်ရောင်းအားမှာ ၁ ရာခိုင်နှုန်း တက်လာကြောင်းသိရသည်။

Source : Nationthailand                                                                  

  DOCA (ရန်ကုန်)

 

ထိုင်းနိုင်ငံသည် အဓိကကုန်သွယ်ရေးသဘောတူညီချက်ဖြင့် အိန္ဒိယသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့ နိုင်ရန် ဆောင်ရွက်လျက်ရှိ

     လယ်ယာထွက်ကုန်များ၊ ကျောက်မျက်နှင့် စက်ယန္တရားများ အပါအဝင် ထိုင်းကုန်ပစ္စည်း များတင်ပို့မှု မြှင့်တင်ရန် အိန္ဒိယနှင့် အဓိက ကုန်သွယ်မှု သဘောတူညီချက်ကို ပြန်လည်သုံးသပ်ရန် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အရှိန်အဟုန်ဖြင့် လုပ် ဆောင်လျှက်ရှိသည်။ အာဆီယံ-အိန္ဒိယ ကုန်စည်ကူးသန်းရောင်းဝယ်ရေး သဘောတူညီချက် (AITIGA) တိုးတက်မှုကို တွန်းအားပေးရန်အတွက် သြဂုတ်လ ၂၈ ရက်နေ့တွင် အိန္ဒိယ စီးပွားရေး ဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Chantavit Tandhasit က ပြောကြားချက်အရသိရသည်။ မကြာသေးမီက တိုးတက်မှုများတွင် အကောက်ခွန်ဆိုင်ရာ အတားအဆီးများကို လျှော့ချရေး၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ကုန်စည်အတွက် စျေးကွက်သစ်များ ဝင်ရောက်နိုင်စေမည့် သဘောတူညီချက်များ ပါဝင်သည်။ ဝန်ကြီးက အာဆီယံနှင့် အိန္ဒိယကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၆.၈ ဘီလီယံကျော်ရှိကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ AITIGA ပြန်လည်သုံးသပ်မှုကို အပြီး သတ်ရန် တွန်းအားပေးမှုသည် ထိုင်းပုဂ္ဂလိက လုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီး ရန်၊ အိန္ဒိယဈေးကွက်ကို ပိုမိုလွယ်ကူစွာဝင်ရောက်နိုင်စေရန်၊ ကုန်ကျစရိတ်လျှော့ချရန်နှင့် ၎င်းတို့ ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် မဟာဗျူဟာမြောက် လှုပ်ရှားမှုအဖြစ် ရှုမြင်ထားကြသည်။ အိန္ဒိယသို့ အဓိကတင်ပို့သည့် အာဆီယံနိုင်ငံမှ ကုန်ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ ဓာတ်သတ္တု လောင်စာများနှင့် စက်ယန္တရားများ ပါဝင်သည်။ တစ်ချိန်တည်းတွင်၊ အိန္ဒိယမှ အာဆီယံနိုင်ငံများ  တင်သွင်းသည့် သွင်းကုန်များမှာ အဓိကအားဖြင့် ဓာတ်သတ္တုလောင်စာများ၊ ကျောက်မျက်နှင့် ဓာတုပစ္စည်းများ ပါဝင်ပါသည်။

Source : Nationthailand                                                                   

 DOCA (ရန်ကုန်)

 

အမေရိကန် ကုန်သွယ်ရေးစစ်ပွဲအတွင်း အာဂျင်တီးနား၊ ဥရုဂွေးတို့မှ ပဲပုပ်များအား ဝယ်ယူမှု မြှင့်တင်သွားမည် တရုတ်နိုင်ငံ

     ဝါရှင်တန်နှင့် ပေကျင်းကြား ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြှင့်လာချိန်တွင် အမေရိကန်နိုင်ငံမှ တင်ပို့မှု မရှိတော့ခြင်းကြောင့် လိုအပ်သော ထောက်ပံ့ရေး ကွာဟချက်ကို ဖြည့်ဆည်းရန်အတွက် တရုတ်နိုင်ငံ၏ ပဲပုပ်တင်သွင်းသူများသည် လာမည့်နှစ်တွင် အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ ပဲပုပ် ဝယ်ယူမှုကို မြှင့်တင်လျက်ရှိသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ တရုတ်နိုင်ငံသည် အာဂျင်တီးနားနှင့် ဥရုဂွေးနိုင်ငံတို့မှ ပဲပိစပ်တန်ချိန် ၅ သန်း တင်သွင်းခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရ သိရသည်။ လက်တင်အမေရိက ထုတ်လုပ်သူ နှစ်ဦးထံမှ ထောက်ပံ့မှု မြင့်တက်လာခြင်းသည် အမေရိကန် လယ်ယာထွက်ကုန်များ အပေါ် မှီခိုအားထားမှုကို လျှော့ချလိုက်ခြင်းကြောင့် အမေရိကန် တင်ပို့သူများအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ဩဂုတ်လလယ်တွင် တရုတ်ဝယ်လက်များက အာဂျင်တီးနားနှင့် ဥရုဂွေးတို့မှ စက်တင်ဘာလအတွက် တန်ချိန် ၁.၅၇၅ သန်း၊ အောက်တိုဘာလ အတွက် တန်ချိန် ၆၆၀,၀၀၀ နှင့် ၂၀၂၆ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် မေလအတွက် တန်ချိန် ၆၆,၀၀၀ အသီးသီးရှိကြောင်း ကုန်သည်များ၏ ပြောကြားချက်အရသိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်  ထရမ့်၏ ပထမသက်တမ်းတွင် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားပြီးကတည်းက ပေကျင်း သည် ၎င်း၏စားနပ်ရိက္ခာဖူလုံမှုကို အားကောင်းလာစေရန်အတွက် အမေရိကန်၏ လယ်ယာထွက် ကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ခြေလှမ်းများလုပ်ဆောင်ခဲ့သည်။ အာဂျင်တီးနား၏ ၂၀၂၄/၂၅ ပဲပုပ်ရိတ်သိမ်းမှုသည် တန်ချိန် ၅.၉ သန်းရှိခဲ့ပြီး ၂၀၂၃/၂၄ တွင် တန်ချိန် ၄၈.၂ သန်းနှင့် ၂၀၂၂/၂၃ တွင် တန်ချိန် ၂၅ သန်းရှိကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ အချက်အလက်များ အရသိရသည်။ ဥရုဂွေးနိုင်ငံ၏ ပဲပုပ်အထွက်နှုန်းသည် ၂၀၂၃/၂၄ ၏ တန်ချိန် ၃.၃ သန်းထက် ၂၀၂၄ /၂၅ တွင် တန်ချိန် ၄.၂ သန်းရှိခဲ့သည်ဟု USDA ၏ အချက်အလက်များအရ သိရသည်။

Source : Reuter      

DOCA(ရန်ကုန်)                                                                                    

 

ဟင်းသီးဟင်းရွက်အထွက်တိုးစေရေး 'Smart Farm' မြှင့်တင်ရန် MAFF တိုက်တွန်း

      ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) သည် နိုင်ငံတော် အနှံ့ ဟင်းသီးဟင်းရွက် ထုတ်လုပ်မှု တိုးမြင့်လာစေရန် စနစ်ကျသော စိုက်ပျိုးရေး နည်းစနစ်များကို မြှင့်တင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်။ ၂-၉-၂၀၂၅ ရက်နေ့တွင် Kandal ပြည်နယ်၊ Kien Svay ခရိုင်ရှိ Smart Farms သို့ စစ်ဆေးရေးခရီး သွားရောက်စဉ် MAFF မှ နိုင်ငံခြားရေးဝန်ကြီး Han Vanhon က ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် နောက်ဆုံးပေါ်ဆန်းသစ်သော အလေ့အကျင့်များတွင် Polyhouse စိုက်ပျိုးခြင်း၊ ကွန်တိန်နာ စိုက်ပျိုးခြင်း၊ အသေးစား ဥယျာဉ်စိုက်ပျိုးခြင်း၊ ဒေါင်လိုက် စိုက်ပျိုးခြင်း၊ မြေဆီလွှာမဲ့စိုက်ပျိုးခြင်း၊ ခုတ်ထစ်ခြင်း သို့မဟုတ် ရိုးရှင်းသော  ဥယျာဉ်ခြံမြေများ ပါဝင်သည်။ ရာသီဥတုပြောင်းလဲမှုကြားတွင် တောင်သူလယ်သမားများ ပိုမိုများပြားသော 'Smart Farm' ကို ဦးစားပေးရမည်ဖြစ်ရာ နိုင်ငံတော်ရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများအတွက် ကြီးမားသောစိန်ခေါ်မှုများ ရှိလာသည်ဟု Vanhon က ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှု သည် ဟင်းသီးဟင်းရွက်နှင့် သီးနှံများအား ရာသီအလိုက် အထွက်နှုန်း အပြောင်းအလဲတွေကို ဖြစ်ပေါ်စေပြီး အဆိုပါပြသနာများကိုဖြေရှင်းရန် ဆန်းသစ်တီထွင်မှုများလိုအပ်ကြောင်း Vanhon က ထောက်ပြထားသည်။ Vanhon သည် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်း၊ သိုလှောင်ခြင်းနှင့် ထုပ်ပိုးခြင်းများတွင် ဆောင်ရွက်နေသည့် ဆန်းသစ်တီထွင်မှုများအကြောင်း အကျဉ်းချုပ် ပြောကြားခဲ့ပြီး ဝန်ကြီးဌာနသည် နိုင်ငံအတွင်း လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆက်လက်လုပ်ဆောင်နေသော ပဏာမခြေလှမ်းများကို အပြည့်အဝ ထောက်ခံမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်သည် လာမည့်နှစ်များတွင် ဟင်းသီးဟင်းရွက်နှင့် အခြားလယ်ယာထွက်ကုန်များ ပိုမိုထုတ်လုပ်ရန် ရည်မှန်းထားကြောင်းဆက်လက်ပြောကြားခဲ့ သည်။

Source: Khmer Times                                                                                  

DOCA(ရန်ကုန်)                                                                                    

 

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် စီးပွားရေးအရ ပိုမိုခိုင်မာသော ဆက်ဆံရေးကို ကတိပြုခဲ့ကြ

     ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့သည် ကမ္ဘောဒီးယား-ဗီယက်နမ် ဆက်ဆံရေး အထူးသဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် တိုးမြှင့်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြ ကြောင်း အထက်လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က ၂-၉-၂၀၂၅ ရက်နေ့ တွင် ပြောကြားခဲ့သည်။  ကုန်သွယ်မှုရည်မှန်းချက် ကန်ဒေါ်လာ ၂၀ ဘီလီယံ ရရှိရန် နှစ်နိုင်ငံ ကြား ကုန်စည်သယ်ယူပို့ဆောင်ရေး မြှင့်တင်ရန်လိုအပ်ကြောင်း ခေါင်းဆောင်နှစ်ဦး သဘော တူညီခဲ့ကြကြောင်း  Thyrith က ပြောကြားခဲ့သည်။  Thyrith ၏ ပြောကြားချက်အရ Chinh သည် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေမည့် Prey Veng နှင့် Tay Ninh ပြည်နယ်ကြားရှိ Tay Ninh -Meun Chey အပြည်ပြည်ဆိုင်ရာ နယ်စပ်စစ်ဆေးရေးဂိတ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း စတင်ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးချုပ် Hun Manet နှင့် ပူးပေါင်းမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ခရီးသွားလုပ်ငန်းနှင့် လူအချင်းချင်းအပြန်အလှန် ဖလှယ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ် Chinh က ဗီယက်နမ် ခရီးသွားများသည် လက်ရှိတွင် ကမ္ဘောဒီးယားတွင် ပထမအဆင့်ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး Hun Sen က ဤကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးပေးခဲ့ကြောင်း Thyrith က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာန (GDCE) ၏ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ ပထမ (၇) လတွင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ကြား ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၄.၉၄ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

Source: Khmer Times                                                                                   

DOCA(ရန်ကုန်)                                                                                    

ဂျပန်သို့ သီဟိုဠ်စေ့တင်ပို့မှုကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ထောက်ခံ

      ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ Cham Nimul သည် Mirarth Energy Solutions Inc. နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များအား သီဟိုဠ်စေ့များအပြင် အခြားသော ကမ္ဘောဒီးယားထုတ်ကုန်များ အထူးသဖြင့် Geographical Indication (GI) ပစ္စည်းများအား ဂျပန်ဈေးကွက်များသို့ ဆက်လက်တင်ပို့ရောင်းချရန် တိုက်တွန်းအားပေးခဲ့သည်။ Mirarth Energy Solutions Inc.နှင့် Mirarth Holdings Inc. တို့မှကိုယ်စားလှယ်အဖွဲ့များ၊ ITOCHU Corporation ၏ ကိုယ်စားလှယ်များနှင့် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ Taniguchi Kentaro မှ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Taniguchi Kentaro တို့ စက်တင်ဘာ ၃ ရက်နေ့က ဂျပန်နိုင်ငံ၊ Kansai ပြည်နယ်တွင် တွေ့ဆုံစဉ် အဆိုပါတိုက်တွန်းမှုကို ပြောကြားခဲ့ခြင်ဖြစ်သည်။ တွေ့ဆုံမှုတွင် ဝန်ကြီး Cham Nimul မှ Mirarth Holdings Inc. နှင့် မိတ်ဖက်ကုမ္ပဏီများအား စီမံဆောင်ရွက်နိုင်မှုစွမ်းရည်မြှင့်တင်ရန်နှင့် နိုင်ငံတကာစံချိန်စံညွှန်းပြည့်မီသော အရည်အသွေး မြင့်ကမ္ဘောဒီးယားသီဟိုဠ်စေ့များကို ဂျပန်နိုင်ငံဈေးကွက်နှင့် အခြားပစ်မှတ်ဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းအတွက် မိတ်ဖက်ကုမ္ပဏီများအားလုံးအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ Mirarth Energy Solutions Inc. ၏ ဥက္ကဌနှင့် CEO ဖြစ်သူ Taniguchi Kentaro မှ ကုမ္ပဏီနှင့် ကိုယ်စားလှယ်အဖွဲ့များအား ၎င်းတို့၏တိုးတက်မှုများကို အစီရင်ခံ တင်ပြရန် အခွင့်အရေးပေးသည့်အတွက် Cham Nimul အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ဝန်ကြီးဌာန၏ ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းအဖွဲ့နှင့် နီးကပ်စွာ လုပ်ဆောင်နေပြီး ဂျပန်နိုင်ငံတွင် ဆိုင်ခွဲပေါင်း ၁၆,၃၂၀ ရှိပြီး ယခုအခါ ကမ္ဘောဒီးယား သီဟိုဠ်စေ့များကို ရောင်းချလျက်ရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

Source: Khmer Times                                                                                   

DOCA(ရန်ကုန်)                                                                                    

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ