Main menu

ကုန်သွယ်မှုလုပ်ငန်းများမှ ဗီယက်နမ်၏ ၀င်ငွေသည် ၁၀ လအတွင်း ၉.၃ ရာခိုင်နှုန်း မြင့်တက်လာ

Powered by Drupal

        သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများမှ ဗီယက်နမ်နိုင်ငံ၏ ဘတ်ဂျက်ဝင်ငွေသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လတွင် တစ်နှစ်ထက်တစ်နှစ် ၉.၃ ရာခိုင်နှုန်း မြင့်တက်လာပြီး ဗီယက်နမ်ဒေါင် ၃၇၉.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၅.၁၂ ဘီလီယံခန့်) ရှိကြောင်း ဗီယက်နမ် အကောက်ခွန်ဌာနကို ကိုးကား၍ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖော်ပြခဲ့သည်။

        အဆိုပါ ကိန်းဂဏန်းသည် နှစ်စဉ်ခန့်မှန်းချက်၏ ၉၂.၄ ရာခိုင်နှုန်းနှင့် သတ်မှတ်လျာထားချက်၏ ၈၀.၈ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

         ဆယ်လတာကာလအတွင်း နိုင်ငံ၏ စုစုပေါင်းသွင်းကုန် ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၇၆၂.၄၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁၇.၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဗီယက်နမ်သည် ယင်းကာလအတွင်း ကုန်သွယ်မှုပိုငွေဒေါ်လာ ၁၉.၅၆ ဘီလီယံ ကုန်သွယ်မှုတွင် မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)