Languages

Main menu

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု

Powered by Drupal

ခရီးသွားလုပ်ငန်းဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းဆောင်ရွက်မှု

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တိုင်ကြားသူတစ်ဦးသည် ၂၃.၁၀.၂၀၁၉ ရက်နေ့ တွင်  ခရီးသွားလုပ်ငန်းတစ်ခု၏ တာဝန်ရှိသူထံမှ ဘန်ကောက်သို့သွားမည့်ခရီးစဉ်အတွက် လေယာဉ် လက်မှတ်(၆) စောင်ကို မှာယူခဲ့ပြီး ကျသင့်ငွေ ၁၁,၄၈,၀၀၀/- ကျပ်တိတိကို အဆိုပါ တာဝန်ရှိသူ၏ဘဏ်အကောင့်သို့လွှဲပေးခဲ့ကြောင်း၊ ၂၃.၁၀.၂၀၁၉ ရက်နေ့တွင် အဆို ပါခရီးသွားလုပ်ငန်းက လက်မှတ်(၁)စောင်သာ ပေးပို့ခဲ့ပြီး ကျန် (၅) စောင်အား ပေးပို့ခြင်း မရှိပါကြောင်း၊ ၈.၁၁.၂၀၁၉ ရက်နေ့တွင် ကျန်လက်မှတ် (၅) စောင် မှာဝယ်ယူ၍မရကြောင်း ဆက်သွယ်ပြောကြားလာသဖြင့်  လေယာဉ်လက်မှတ်(၆)စောင်ကို အရေးပေါ်ဝယ်ယူခဲ့ရ ကြောင်း၊ ဟိုတယ်အခန်း ဘွတ်ကင်များ အား တစ်ရက်နောက်ဆုတ်ခဲ့ရသဖြင့် အဆိုပါ တစ်ရက်စာအတွက် လျော်ကြေးပေးချေခဲ့ရပါကြောင်း၊ ယင်းသို့သော အဆင်မပြေမှုများစွာအတွက် စုစုပေါင်းငွေကျပ် ၂၂,၂၂,၀၀၀/-ဆုံးရှုံး နစ်နာခဲ့ရပါ ကြောင်း၊ ခရီးသွားလုပ်ငန်းက မိမိ၏ ဆုံးရှုံးနစ်နာမှုအတွက် တာဝန်ယူဖြေရှင်းပေးမည်ဟု ကတိ ပြုခဲ့သော်လည်း ၁၃.၁၁.၂၀၁၉ ရက်နေ့တွင် ငွေကျပ် ၉၀၀,၀၀၀ အား ပေးအပ်ခဲ့ပြီး ကျန်ငွေ ၁,၃၂၂,၀၀၀/-ကျပ်ကို ၂၀.၁၁.၂၀၁၉ ရက်နေ့တွင် ပေးအပ်မည်ဟု ကတိပြုခဲ့သော်လည်း ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိပါသဖြင့် ၁၀.၃.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်တိုင်ကြားမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ နှစ်ဦးနှစ်ဖက် ခေါ် ယူတွေ့ဆုံညှိနှိုင်းခဲ့ရာ ခရီးသွားလုပ်ငန်းက လျော်ကြေးအနေဖြင့် တိုင်ကြားသူဘက်မှ တောင်းဆိုသည့် ပမာဏအတိုင်းပေးချေရန် အခက်အခဲရှိပါကြောင်း ပြောကြားလာ၍ ကုမ္ပဏီဘက်မှ တိုင်ကြားခံရသူအား ပေးရန်ကျန်ရှိသည့်ငွေများကို (၆) လအတွင်း ပေးအပ် သွားရန် ညှိနှိုင်းပေးခဲ့ရာ နှစ်ဦးနှစ်ဖက်သဘောတူလက်ခံခဲ့၍ ၁၈.၃.၂၀၂၀ ရက်နေ့တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးခဲ့ပြီး အမှုအားပိတ်သိမ်းခဲ့ပါသည်။