Main menu

ကားအပိုပစ္စည်းဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

Powered by Drupal

       ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နေ တိုင် ကြားသူတစ်ဦးသည် ကားအပိုပစ္စည်းအရောင်းဆိုင်မှ ပုဇင်း ခေါင်းဂီယာဘောက်အား ငွေကျပ် ၃,၂၇၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ ရာ ဝယ်ယူစဉ်က ဂီယာ‌ဘောက်မှာ ၎င်း၏ မော်တော်ယာဉ်နှင့် ကိုက်ညီမှုမရှိပါက ဆိုင်သို့ ပြန်လည်ပေးအပ်၍ ရ/မရ မေးမြန်း ချိန်တွင် ပေးအပ်၍ရကြောင်း ပြောကြားခဲ့ပြီး  ဝယ်ယူပြီး နောက် ဂီယာဘောက်မှာ ၎င်း၏ မော်တော်ယာဉ်တွင် အသုံးပြု၍မရသောကြောင့် ဆိုင်သို့သွားရောက် ပေးအပ်ရာ ဂီယာဘောက်တန်ဖိုး၏ တစ်ချို့တစ်ဝက်သာ ပြန်လည်ပေးအပ်သောကြောင့် စားသုံးသူ ရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကားအပိုပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ တိုင် ကြားသူမှ ဌာနသို့ လူကိုယ်တိုင်လာရောက်၍ ဆိုင်ပိုင်ရှင်က ကျန်ငွေကျပ် ၂,၂၇၀,၀၀၀/-ကို ပြန်လည် ပေးအပ်ခဲ့သဖြင့် ၎င်းအနေဖြင့် ကျေနပ်မှုရှိသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်းနှင့် ဌာန အနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ပေးမှုအပေါ် ကျေဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ကားအပို ပစ္စည်းအရောင်းဆိုင်မှလည်း တိုင်ကြားသူထံ ငွေအပြည့် ပြန်အမ်းပေးပြီးဖြစ်ပါကြောင်း ဌာနသို့ အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့သည်။