
ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခု၏ Global Education တွင် တက်ရောက်ရန် Downpayment ငွေကျပ်(၁၀)သိန်း ပေးသွင်းခဲ့ ပြီး ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် ကျောင်းမတက်ဖြစ် သောကြောင့် ပေးသွင်းထားသည့် Downpayment ငွေအား ပြန် လည်တောင်းခံရာ ပေးအပ်ခြင်းမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင် ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ပညာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု၏ Global Education မှ တာဝန်ရှိသူများထံ အကြောင်း ကြားဆောင်ရွက်ခဲ့ရာ ပညာရေးဝန်ဆောင်မှုကုမ္ပဏီအနေဖြင့် ကျောင်းအပ်နှံသည့်အချိန်ကတည်းက ကျောင်းအပ်နှံငွေသွင်းပြေစာတွင် ကျောင်းတက်ရောက်နိုင်ခြင်းမရှိပါက ပေးသွင်းငွေအား ပြန်လည် ထုတ်ပေးမည်မဟုတ်ကြောင်းပါရှိသော်လည်း ဌာန၏ညှိနှိုင်းမှုကို အလေးထားသည့်အနေဖြင့် ပညာရေး ဝန်ဆောင်မှုကုမ္ပဏီမှ Opertion Management Group ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောင်း အပ်နှံပေးသွင်းငွေကျပ် (၁၀)သိန်းအား AYA Pay ဖြင့် တိုင်ကြားသူထံ လွှဲပြောင်းပေးပို့ပြီးဖြစ်ပါ ကြောင်း အကြောင်းပြန်ကြားလာပါသည်။ တိုင်ကြားသူမှလည်း ဌာနသို့ဆက်သွယ်၍ ကျောင်းဘက်မှ ပေးအပ်သည့် ငွေလက်ခံရရှိသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်း ပြောကြားလာသဖြင့် တိုင်ကြားမှုအား စေ့စပ်ညှိနှိုင်းပေးသဖြင့် ငွေပြန်လည်ရရှိစေခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
