Main menu

ကျိုက်ထိုမြို့နယ်အတွင်း ကြက်သွန်နီဈေးနှုန်းများ အနည်းငယ်မြင့်တက်

Powered by Drupal

     (၅.၁၀.၂၀၂၆) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ် ရောင်းဝယ်လျက်ရှိသည့် ကြက်သွန်နီ ဈေးနှုန်းများမှာ ယခုရက်ပိုင်းတွင် ယခင်ရက်များထက် ရုတ်တရက်မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

    ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ဝယ်လိုအားနှင့်ရောင်းလိုအား အခြေ အနေ၊ အဝေးဒေသများမှ ကုန်စည်သယ်ယူပို့ဆောင်ရေး အခြေအနေများနှင့် ကုန်ကျ စရိတ်များ ပြောင်းလဲလာမှုတို့ကြောင့် ဈေးကွက်အတွင်း ရောင်းချသည့်ဈေးနှုန်းများ လိုက်ပါ ပြောင်းလဲလာခြင်းဖြစ်ကြောင်း သိရသည်။

     လက်ရှိတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို အိမ်သုံးစားသုံးသူများအပြင် စားသောက်ဆိုင်နှင့် အစားအသောက်လုပ်ငန်းများမှလည်း ပုံမှန်ဝယ်ယူသုံးစွဲလျက်ရှိသဖြင့် ဈေးနှုန်းမြင့်တက်မှုသည် စားသောက်သူများ၏ နေ့စဉ်အသုံးစရိတ်အပေါ် အနည်းငယ် သက်ရောက်မှုရှိလာနိုင်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

     စားသုံးသူများအနေဖြင့် ကြက်သွန်နှင့် အခြားအခြေခံစားသောက်ကုန်များ ဝယ်ယူ ရာတွင် ဈေးနှုန်း၊ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးဝယ်ယူရန် လိုအပ်ပြီး ဈေးနှုန်းများ ရုတ်တရက်မြင့်တက်နေခြင်းကြောင့် စားသုံးသူများအတွက် အခက်အခဲဖြစ်လာ ကြောင်း သိရသည်။

     ယခုတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ ကျပ်အထိ ဈေးခုန်တက်သွားကြောင်း သိရသည်။

      DOCA (မွန်)