Main menu

သရက်မြို့၏ ရာသီပေါ်စာ ဂွေးသီးရောင်းချမှုအခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့မစည်ပင်သာယာဈေးကြီးနှင့် အခွန်လွတ်ဈေးတွင် ဒေသထွက်ရာသီပေါ်စာ ဂွေးသီးများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဂွေးသီးတွင်  အချိုသီးနှင့်အချဉ်သီးဟူ၍ (၂)မျိုးရှိပြီး မြို့ပေါ်ရှိရပ်ကွက်များနှင့် မြို့အနီးအနားကျေးရွာများ တွင်တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည်။ ဂွေးသီးကို သုပ်၍လည်းကောင်း၊ ဟင်းအမယ်အဖြစ်လည်းကောင်း၊ ယိုအဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ်ပြီး စားသုံးကြပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်ပြီး လူကြိုက်များသော ဂွေးသီးကို ကားဂိတ်များ၊ ဆေးရုံ /ဆေးခန်းများနှင့် လူစည်ကားသော နေရာများတွင် ရောင်းချကြောင်း သိရသည်။

        ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (စတုတ္ထပတ်)တွင် ဂွေးသီးအလုံးအသေး/အကြီး(ဂျွန်) (၁)လုံးလျှင် ကျပ် (၁၅၀) ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခု အောက်တိုဘာလ (ပထမပတ်)တွင်(ဂျွန်) (၁)လုံးလျှင် ကျပ် (၁၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ဈေးနှုန်းခြားနားချက်အရ ယခု (စတုတ္ထပတ်) တွင် ကျပ်(၅၀)ကျဆင်းခဲ့ပြီး ဈေးအနည်းငယ်ကျရခြင်းမှာ ဂွေးသီးများပိုမို ထွက်ရှိလာခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)