
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ပထမပတ်တွင် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်တို့၏ FOB ဈေးနှုန်းများမှာ မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၈၀၀ ကျပ်ခန့်ရှိ ပါသည်။ မြေပဲစတင်ထွက်ရှိနေပြီဖြစ်ပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၂၀၀၀၀ ကျပ်ခန့်ရှိပါသည်။ ကျောက်ပန်းတောင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နှမ်းဖြူအသစ် ပေါ်ချိန်ဖြစ်ပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၄၇၀၀၀၀ ကျပ်ခန့် ရှိပါသည်။ အောင်လံ၊ တောင်တွင်း၊ မကွေး၊ နတ်မောက်တို့တွင် နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ် လက်ကျန်တန်ချိန် (၁၆၅၀၀) ရှိကြောင်း၊ ယခင်တစ်ပတ် စက်တင်ဘာလ စတုတ္ထပတ်တွင် မြေပဲ တစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၀၀၀ ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၁၈၀၀ ကျပ်ခန့်ရှိပါကြောင်း၊ ပဲပုတ်လက်ကျန်တန်ချိန် (၁၆၃၀၀) ရှိရာမှ ယခုတစ်ပတ်တွင် ပဲပုတ်လက်ကျန်တန်ချိန် (၁၆၅၀၀) ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းထံမှ သိရှိရပါသည်။
DOCA(ရန်ကုန်)
