Main menu

ထားဝယ်မြို့၊ တဂူသိမ်စျေးအတွင်းရောင်းချနေသော အစားအသောက်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထားဝယ်မြို့၊ တဂူသိမ်စျေး၌ တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့သည် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ တဂူသိမ်စျေးအတွင်း အများပြည်သူ စားသုံး/သုံးစွဲရန်မသင့်သော အစားအသောက် များရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် တဂူသိမ်စျေးအတွင်းရောင်းချနေသည့် စျေးဆိုင်များမှ အများပြည်သူများ သုံးစွဲရန်မသင့်သော လူသုံးကုန်/အလှကုန်ပစ္စည်းများရောင်းချမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်စုံဆိုင်ရှင်များအား ၎င်းတို့ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးသည့်ကုန်စည်များတွင် စားသုံးသူ ဥပဒေပါသတ်မှတ်ချက်များနှင့်အညီ ကုန်ညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြရန် တို့ကိုအသိပညာပေးခဲ့ပါသည်။ ထိုနောက် စျေးအတွင်းသံသယရှိအစားအသောက်နမူနာပစ္စည်းများ အားဝယ်ယူ၍ရွေ့လျား မော်တော်ယာဉ်တွင်ပါရှိသော Rapid Test Kit များဖြင့် ဓါတ်ခွဲစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန