Main menu

ကလောခရိုင်စားသုံးသူရေးရာကော်မတီ(၂/၂၀၂၆) အစည်းအဝေးကျင်းပခြင်း

Powered by Drupal

              ကလောခရိုင်စားသုံးသူရေးရာကော်မတီ (/၂၀၂)အစည်းအဝေးကို ၂၀၂ခုနှစ်၊ ဧပြီလ (၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလောခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်

                            အစည်းအဝေးတွင် ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ(ကိုယ်စား)၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းမင်းပိုက်က အဖွင့်အမှာစကားပြောကြားရာ ကလောခရိုင်အတွင်းရှိ ပြည်သူများ၏စားသုံးသူအခွင့်အရေးများ ချိုးဖောက်ခံရမှုမရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် စားသုံးသူအသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်မှုများအပြင်မြန်မာစာကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်းသောအချက်အလက်များစိစစ်စစ်ဆေးမှုဆောင်ရွက်ခြင်းစသည့်တို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထုတ်ကုန်လုံခြုံ စိတ် ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကြိုတင်စစ်ဆေးခြင်း ၊  စားသုံးသူ အငြင်းပွားမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သော တိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ခြင်း စသည်တို့ကို ဆောင်ရွက် လျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကိုလည်း ညွှန်ကြားသတ်မှတ် ပေးပြီးဖြစ်ရာ လိုက်နာ ဆောင်ရွက်သွားကြရန်၊  ခရိုင်စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကိုလည်း သတ်မှတ်ချက်များ အတိုင်း ကျင်းပဆောင်ရွက်သွားပြီး မိမိခရိုင်အတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်ဆောင်ရွက်ကြဖို့ အထူးမှာကြားလို ကြောင်း ပြောကြားခဲ့ပါသည်။

                ဆက်လက်၍ ခရိုင်စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးမြင့်နိုင်က(၂/၂၀၂၆)၏ အမှာစာများအား ဖတ်ကြားရှင်းလင်းခဲ့ပြီး ဖတ်ကြားရှင်းလင်းခဲ့မှုအပေါ် တက်ရောက်လာကြတဲ့ ကော်မတီအဖွဲ့ဝင်များက  အမှာစာများအား အတည်ပြု မှတ်တမ်းတင်ခြင်း ရှေ့လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သတင်းရရှိပါသည်။အစည်းအဝေးသို့ ကလောခရိုင်စားသုံးသူ ရေးရာကော်မတီအဖွဲ့ဝင်များ (၅)ဦးနှင့် ဖိတ်ကြား၍ တက်ရောက်သူ(၇)ဦး တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၁:၃၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(စစ်ကိုင်း)