Main menu

ဦးစားပေးကုန်စည်ဖြစ်သော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ကလေးငယ်များအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၃.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက ဈေးကွက်အတွင်းရောင်းချနေသော ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ကုန်စည်အုပ်စု(၈)ခုတွင် ပါရှိရမည့်အချက်အလက်များ ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/ မရှိ စစ်ဆေးပြီး  မိမိရောင်းချနေသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံသောကုန်စည်များဖြစ်ရန် လိုအပ်ပြီး ပြည့်စုံမှုမရှိပါက ထုတ်လုပ်သော လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသို့ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြပေးရန် မိမိတို့မှ ပြန်ပြောပြရန် လိုအပ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအား အသိပညာပေးခဲ့ပါသည်။ ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသားပါ အချက်အလက်များ ပြည့်စုံစွာဖော်ပြကြောင်း သိရှိရပါသည်။

DOCA(မကွေး)