Main menu

ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်တံဆိပ်များ ပေးအပ်ခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဒု-ခရိုင် ဦးစီးမှူး ဒေါ်ကြည်ကြည်စိုးသည် (၉.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူးရုံး၌ ကုန်အညွှန်းအမှတ်အသားစိစစ်ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များ ပေးအပ်ခြင်းနှင့် မိဘပြည်သူများ အား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ အသိပညာပေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်များအား မိမိတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြထားရှိရန် လိုအပ်ကြောင်း၊ ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)သည် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်နှင့် ယခုပေးအပ်သော ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်များသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်အရေးပါပြီး ကုန်စည်နှင့်စပ်လျဉ်း၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အကာအကွယ် ရရှိထားပြီးဖြစ်ကြောင်း၊ မိမိတို့ဘက်မှလည်း ခွင့်ပြုချက်ရရှိပြီးသားအတိုင်း ကုန်အမှတ်တံဆိပ်များကို ပြည့်စုံစွာဖော်ပြ၍ ဈေးကွက်တွင် ရောင်းချရန်လိုအပ်ကြောင်း၊ ဈေးကွက်တွင် ပြည့်စုံစွာဖော်ပြထားခြင်း မရှိကြောင်း တွေ့ရှိပါက စိစစ်ခွင့်ပြုချက်များအား ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ရန်နှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချပြီး မှတ်ပုံတင်ထားခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံ တင်ရန်အတွက်  website နှင့် လိုအပ်သည့် အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)