Main menu

၂၀၂၆ခုနှစ် ကမ္ဘာစားသုံးသူများအခွင့်အရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း မအူပင်ခရိုင်မှ ကျင်းပဆောင်ရွက်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဓနုဖြူမြို့နယ်များတွင် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၁၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ မြေစိုက်ပိုစတာဗီနိုင်းဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို မြို့နယ် အသီးသီးသတ်မှတ်နေရာများတွင် စာသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနဆိုင်ရာများနှင့် အတူ ကျင်းပဆောင်ရွက်ခဲ့သည်။

          အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဝန်ထမ်းများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း အင်အား (၁၁၀) ဦးခန့်တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများက ကမ္ဘာ့စားသုံးသူ အခွင့်‌အရေးများနေ့ အထိမ်းအမှတ် "ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ"ဗီနိုင်းဆိုင်းဘုတ်အား  အမွှေးနံ့သာများ ပက်ဖျန်းဖွင့်လှစ်ခြင်း၊ ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်းတို့နှင့် "ကုန်အညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည်စားသုံးကြ"လက်ကမ်းစာစောင်နှင့် စားသုံးသူဆိုင်ရာ အသိပညာပေးလက်ကမ်း စာ‌စောင်များဖြန့်‌ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)