
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှုးများ တက်ရောက်သည့် ဌာနအလိုက် လုပ်ငန်းညှိနှိုင်းအစည်းဝေး တက်ရောက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုအစည်းအဝေးတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဌာန၏ လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရပ်ကွက်/ ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများ၊ ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်နေမှုများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ဌာန၏ လက်ရှိဆောင်ရွက်နေသော ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Online မှတစ်ဆင့် ကုန်စည်ရောင်းဝယ်ခြင်းဆိုင်ရာကိစ္စရပ်များအကြောင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ကုန်စုံဆိုင်များမှတစ်ဆင့် ပြည်သူများထံ စားသုံးဆီဖြန့်ဖြူးရောင်းချနေမှု့အပေါ် မသမာသောနည်းလမ်းဖြင့် ပါဝင်ပတ်သတ်ရောင်းချခြင်းမပြုရန်၊ စားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချနိုင်ရေးရှင်းလင်းဆွေးနွေးခြင်း၊ ရပ်ကွက်/ကျေးရွာများသို့ ကုမ္မဏီများမှတဆင့် လက်လီ/ လက်ကားကိုယ်စားလှယ်များ အိမ်ထောင်စုအလိုက် ဆီဖြန့်ဖြူးရောင်းချပေးနေမှုအပေါ် မသမာသောနည်းလမ်းများသုံး၍ ရောင်းချခြင်းမရှိစေရေးအတွက် ကြီးကြပ်ဆောင်ရွက်နေမှုများ၊ စပါးဆန်လက်ကျန် ကောက်ယူနေမှုများအား ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
