Main menu

ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၈.၂.၂၀၂၆)နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဘိလပ်မြေဈေးနှုန်း ဈေးနှုန်းဈေးကွက် အခြေအနေများအားမေးမြန်း၍ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေဆိုင်များအနေဖြင့် ပစ္စည်းများပြတ်မှုမရှိပါကြောင်းနှင့် ဈေးနှုန်းဈေးကွက် တည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၀ % ထက်ပို၍ ရောင်းချခြင်းမရှိစေရေး၊ ဘိလပ်မြေ အရောင်းဆိုင်များအနေဖြင့်လည်း ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၂ % သာ ရောင်းချလျက်ရှိကြောင်း  မြေပြင်လက်ကျန်အခြေအနေများလည်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)