
(၆.၁၀.၂၀၂၆) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဝန်ထမ်း ( ၃ ) ဦးနှင့် အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း၍ “ ဇယမ်းဝင်း ” ပဲကြော်ဖို့လုပ်ငန်း သို့ သွားရောက်၍ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒေသတွင်းထုတ်ကုန်ဖြစ်သည့် နှစ်ပဲကြော်ထုတ်လုပ်ရောင်းချရာတွင် အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များကို သန့်ရှင်းစနစ်တကျ ထုတ်လုပ်၊ ထုတ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ နှစ်ပြန်ကြော်ထုပ်များပေါ်တွင် ကပ်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများကို စတစ်ကာဖြင့် ကပ်နှိပ်၍ ရောင်းချခြင်းကို ပြုထားခြင်းမရှိသဖြင့် ကုန်စည်ပေါ်တွင် တိုက်ရိုက်ရိုက်နှိပ်ခြင်း ( သို့မဟုတ် ) ပုံသွင်းခြင်းဖြင့်သာ ဖော်ပြရမည်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၃၀ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန် အားနည်းသော ( သို့မဟုတ် ) လိုက်နာရန် ပျက်ကွက်သော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ ကုန်ကြမ်းသိုလှောင်ထားရှိသည့် နေရာများကိုလည်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
