Main menu

“ထွန်း” စက်မှုလက်မှု လုပ်ငန်းသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အမှတ်(၂) ရပ်ကွက်၊ (၂) လမ်းရှိ ဦးခင်မောင်မြင့်  ပိုင်ဆိုင်သော “ထွန်း” စက်မှုလက်မှုလုပ်ငန်းသို့ မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် MSMEs လုပ်ငန်းအနေဖြင့် အကျွံခံဘိန်းများကို လယ်ယာလုပ်ငန်းအတွက် ထုတ်လုပ်လျက်ရှိပါသည်။ အကျွံခံဘိန်း အသေးဈေးနှုန်းမှာ (၅) သိန်းဝန်းကျင်နှင့် အကြီးဈေးနှုန်းမှာ (၆) သိန်း ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

          စက်မှုလက်မှုလုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသော ခြွေလှေ့စက်၊ ရေတင်စက်၊ သာမန်လှေ၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိူးနှင့် အနိမ့်တင်ရေလိုက် အကျွံခံဘိန်းများ ထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု ဈေးနှုန်းဈေးကွက် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)