
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သော သပြေပင်ကျေးရွာ၊ ခဝဲကျင်းကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် များမှ သံပုရာသီးများ လာရောက်ရောင်းချသည့်အတွက် ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ဇန်နဝါရီလ ဒုတိယပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေးတို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/အသေး အပေါ်မူတည်၍ တစ်လုံးလျှင် (၁၅ဝိ/-) ကျပ် (၁၁)လုံးလျှင် (၁၃၀၀) ကျပ်ဖြင့်လည်းကောင်း၊ ရှောက်သီး(အသေး) (၁)လုံး လျှင် (၆၀၀)ကျပ်နှင့် (အကြီး)(၁)လုံးလျှင်(၇၀၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
