Main menu

မိတ္ထီလာခရိုင်အတွင်း၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

                စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဒေါ်မြိုရီ (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းနှင့် ပူးပေါင်း၍  ဈေးကွက်အတွင်း ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် နံနက် (၀၉း၃၀) ချိန်တွင် မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်း စားသုံးဆီအရောင်းဆိုင် ( ၈ ) ဆိုင်အား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးဆီအမျိုးမျိုးဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသည့် ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အပြင် ရောစပ်ရာတွင် အရည် အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ် သည့်အမိန့် (၂/၂၀၂၄) တို့အား ရှင်းလင်းပြောကြား အသိပေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကာ အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးကိုသာဈေးကွက်အတွင်းဝယ်ယူဖြန့်ဖြူးရောင်းချကြရန်ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။ DOCA(မန္တလေး)