Main menu

မိတ္ထီလာခရိုင်၏ အောက်တိုဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်းဆောင်ရွက်နိုင်မှု

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်း MSME လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ်စီးပွားရေး လုပ်ငန်းရှင် များနှင့် ကွင်း ဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

             ၂၀၂၆ခုနှစ်၊ အောက်တိုဘာလအတွင်း မိတ္ထီလာမြို့နယ် တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် မိတ္ထီလာမြို့နယ်ရှိ ကမ္ဘာကျော်မုန့်လုပ်ငန်း၊ မေ့မတ္တာမုန့်လုပ်ငန်း၊ အီစိမ့်မွှေး၊ ရွှေသမင်မုန့်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှု များကို ဘေးအန္တရာယ် ကင်းရှင်းပြီးလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း၊ အမိန့်နှင့်ညွှန်ကြားချက်များ နှင့်အညီထည့်သွင်း ဖော်ပြနိုင်ရေး ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန် လိုအပ်ကြောင်းနှင့်မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်း ပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)