
၂၇.၁၁.၂၀၂၅ရက် နေ့ နံနက် (၀၈:၀၀)နာရီ အချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ် ၃ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ရုံးရှေ့တွင် ရပ်ကွက်နေ ပြည်သူများအား ဧရာဝတီပေါ်ဆန်းဆန်နှင့် ဆင်းသုခဆန်များအား ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မအူပင်ဆန်စက် လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များအသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကြီးကြပ်မှုဖြင့် ရပ်ကွက်နေပြည်သူများကို ဧရာဝတီပေါ်ဆန်း ၅အိတ်၊ ဧည့်မထဆန် ၈ အိတ်ကို ဧရာဝတီပေါ်ဆန်း ၁ပြည် (၅၀၀၀)ကျပ်၊ ဧည်မထဆန် ၁ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးနေပြီး ပြည်သူများ လွပ်လပ်စွာဝယ်ယူလျက်အား ပေးလျက်ရှိပြီး ဆန်ဆိုင်လုပ်ငန်းရှင်များကို မိမိတို့လက်ဝယ်တွင် ရောင်းချရန် သိုလှောင်ထားသော ပေါ်ဆန်းဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စွာဖြင့် ဈေးကွက်အတွင်းသို့ စဉ်ဆက်မပြတ် ထုတ်ရောင်းပေးရန်နှင့် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ (လုံးဝ) မပြုလုပ်ရန် အသိပေးထားကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
