Main menu

ကန့်ဘလူမြို့၌ ပဲတီစိမ်းဈေး အနည်းငယ်ကျဆင်း

Powered by Drupal

           စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

        ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၈၅၀၀၊ ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၇၁၅၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  စက်တင်ဘာလ ဒုတိယပတ်ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင်  ကျပ် ၇၀၀၀၀ နှင့် ပဲတီစိမ်း(ထွက်တိုး)တစ်တင်းလျှင် ကျပ် ၇၈၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နှိုင်းယှဉ်ပါက ကန့်ဘလူပဲမျိုးစုံဈေးကွက်၌ ယခုလအတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၅၀၀နှင့်  ပဲတီစိမ်း(ထွက်တိုး)တစ်တင်းလျှင် ကျပ် ၆၅၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းသွားကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး အရောင်းအဝယ်အေးနေသောကြောင့် ဈေးအနည်းငယ်ကျဆင်းသွားကြောင်း သီးနှံပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)