Main menu

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ နေ့လယ် (၁၃:၄၅)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြပေးရန်နှင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့် အချက်များအား ရှင်း လင်း ဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)