
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် စားသုံး သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား Online စနစ်ဖြင့် ဝယ်ယူသုံးစွဲရာတွင် စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးအတွက် Online စနစ်အသုံးပြု၍ ရောင်းဝယ်မှုလုပ်ငန်းများအား စနစ်တကျ ထိန်းကျောင်းနိုင်မည့် e-Commerce Registration System (e-ConReg System) အားရေးဆွဲ၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှစ၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) မှတ်ပုံတင်လက်မှတ်ခွင့်ပြုထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ရှိပြီး လျှောက်ထားလာသည့် Online Sales မှတ်ပုံတင်လက်မှတ်များအား စစ်ဆေးပြီးသည့်အခါ စားသုံးသူရေးရာဦးစီးဌာန၊ သက်ဆိုင်ရာဦးစီးမှူးရုံးများရှိ စစ်ဆေးရေးအရာရှိများမှ မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။
(၂၀.၈.၂၀၂၆) ရက်နေ့တွင် တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ စားသုံး/ထုတ်လုံဌာနခွဲ တာဝန်ခံဒု-ခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့တို့သည်တောင်ငူမြို့ပေါ်ရှိ Online Shop Registration မှတ်ပုံတင်လျှောက်ထားသည် မဂျူလီထူး၊ Juli’sFun Box Online Shop လုပ်ငန်းနှင့် ဒေါ်မိုးမိုးမြင့်၊ မိုးမြင့်အွန်လိုင်းရှော့ စက်ရုံတိုက်ရိုက် အထည်အမျိုးမျိုး လက်လီ လက္ကားဒိုင် တို့သို့သွားရောက်၍ မှတ်ပုံတင်မည့် လုပ်ငန်းအမည်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်းတည်ရှိရာ လိပ်စာမှန်ကန်မှု ရှိ/မရှိ၊ လုပ်ငန်းသို့ဆက်သွယ်ရန် ဖုန်းနံပါတ်မှန်ကန်မှုရှိ/မရှိ၊ လုပ်ငန်း၏ Logo မှန်ကန်မှုရှိ/မရှိ၊ ကုမ္ပဏီ မှတ်ပုံတင်ရှိ/မရှိ၊ SME မှတ်ပုံတင်ရှိ/မရှိ၊ လုပ်ငန်းရှင်၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်နှင့် နိုင်ငံသား/ နိုင်ငံခြားသား မှန်ကန်မှုရှိ/မရှိတို့အပြင် အကျင့်စာရိတ္တကောင်းမွန် ကြောင်းနှင့် အမည်ပျက်စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း ထောက်ခံချက် ရှိ/မရှိ၊ရောင်းချသည့် ကုန်စည်/ဝန်ဆောင်မှုအုပ်စု ကိုက်ညီမှုရှိ/မရှိ၊ ဥပဒေတစ်ရပ်ရပ်အရ တားမြစ်/ကန့်သတ်ထားသော ကုန်စည်ဟုတ်/မဟုတ်၊ ဥပဒေတစ်ရပ်ရပ်နှင့် ငြိစွန်း ခြင်းရှိ/မရှိ၊ ရောင်းချနေသောကုန်စည်သည်ကိုယ်ပိုင်ထုတ်ကုန်ဟုတ်/မဟုတ်၊ကုန်စည်အလိုက်သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်/ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ ရောင်းချနေသော ကုန်စည်တွင် ပြင်တွင်း၌ ထုတ်လုပ်/ တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီလိပ်စာပါဝင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ မြေပြင်ကွင်းဆင်းစစ်ဆေးချက် များနှင့်လျှောက်ထားစဉ်ကအချက်အလက်များ ကိုက်ညီမှုရှိကြောင်း သိရှိရပါ သည်။
DOCA(ပဲခူး)
