Main menu

         နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအားကျန်းမာရေးစောင့်ရှောက်မှုနှင့်စားသုံးဆီရောင်းချပေး

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့‌ဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေး စောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးပြီး စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ ပေးခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့တွင် ရောင်းချခဲ့ပါသည်။

          နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို လက်ပံတန်းမြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ကြီး နှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလူဦးရေ ၂၂၀ကျော်၏ လိုအပ်သောဆေးဝါးများကို အခမဲ့ထုတ်ပေးခဲ့ ကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက စားသောက် ကုန်ရောင်းချသူများနှင့် ချိတ်ဆက်ကာ စားသုံးဆီတစ်ပိဿာလျှင် ၇၈၄၅ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၂၂၀ အား ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့်လစဉ် စားသောက်ကုန်များ ရောင်းချပေးခြင်းကို  လစဉ်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ရက်တွင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်း များက ပံ့ပိုးကူညီ   ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)