
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လယ်သမားများက စိုက်ပျိုးရေးချဲ့ထွင်ရိတ်သိမ်းမှုများရှိသော်လည်း ၏ ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ်အတွက် ၎င်းနိုင်ငံ၏ဆန်ထွက်ရှိမှုနှုန်းသည် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ လယ်သမားများသည် ဘဏ္ဍာနှစ် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၄.၀၆ ကုဍေခန့် ထုတ်လုပ်ခဲ့သော်လည်း ယခင်နှစ်ခန့်မှန်းတန်ချိန် ၄.၀၇ ကုဍေခန့်ထက် လျော့နည်းလျက်ရှိ ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစာရင်းအင်းဗျူရို (BBS) ၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ BBS ၏ထုတ်ပြန်ချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၅ ခုနှစ်အစောပိုင်းကာလတွင် စိုက်ပျိုးရေး ဧရိယာကို ၄၈.၇၇ သိန်းဟက်တာ ဧကမှ ၄၈.၈၉ သိန်းဟက်တာဧကအထိတိုးချဲ့ခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ဆန် တန်ချိန် ၄.၃၇ သိန်းတန်ခန့်တင်ပို့ခဲ့ကြောင်း စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရပါသည်။ စိုက်ပျိုးရေချဲ့ထွင်ရေးဌာန (DAE)၏ ထုတ်ပြန်ချက်များအရ အောက်တိုဘာလ နောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် tk ၂၁၂ ကုဍေခန့် ဆုံးရှုံးမှုများရှိလာနိုင်ကြောင်း သိရပါသည်။ ထို့အပြင် နိုဝင်ဘာလတွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် စပါး၊ ဟင်းသီးဟင်းရွက်များ၊ အာလူး၊ ကြက်သွန်၊ ငရုတ်သီးနှင့် မှိုစိုက်ခင်းများတွင် ထိခိုက်မှုများရှိလာခဲ့ကြောင်း သိရပါသည်။ လယ်သမားများသည် စပါးများကို ၅၉.၂၈ သိန်း ဟက်တာဧကခန့် ယခင်နှစ်ထက် ၆ ရာခိုင်နှုန်းတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း DAE မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ မုန်တိုင်းမတိုင်ခင်တွင် DAE မှအရာရှိများ သည် စိုက်ပျိုးရေး ဧရိယာတိုးချဲ့မှုနှင့် ရာသီဥတုကောင်းမွန်မှုတို့ကြောင့် ရိတ်သိမ်းမှုများမြင့်တက်မည်ဟု ခန့်မှန်းခဲ့ကြပါသည်။ ၂၀၂၆ ဘဏ္ဍာနှစ်တွင် DAE သည် Aush ဆန် ၃၂ သိန်းတန်၊ Amanဆန် ၁.၈၁ သိန်းတန်နှင့် Boro ဆန် ၂.၂၇ သိန်းတန်ခန့်ထွက်ရှိနိုင်ရန် သတ်မှတ်ထားကြောင်း သိရှိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)
